AD
AD
AD
play

 

လီဗာပူးကို ဂိုးဒါဇင်ဝက်နဲ့ ရှုံးတဲ့ပွဲအပြီးမှာ မာစီဒီးစ်ပြိုင်ကားပုံတင်ခဲ့ခြင်းဟာ မတော်တဆ ဖြစ်ရပ်သာ ဖြစ်တယ်လို့ အက်စတွန်ဗီလာကစားသမား လက်စ်ကော့က ကာကွယ်ပြောကြားလိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် အပြုအမူကြောင့် ပရိသတ်တွေရဲ့ အကြီးအကျယ်ဝေဖန်မှုကို လက်စကော့ခံခဲ့ရပါတယ်။

play

 

လီဗာပူးကို အရှက်တကွဲရှုံးနိမ့်ပြီး မကြာခင်မှာပဲ အက်စတွန်ဗီလာကစားသမား လက်စ်ကော့က လူမှုကွန်ယက် တွစ်တာမှာ သူ့ရဲ့ တန်ဖိုးကြီး ပြိုင်ကားပုံကို ဘာစာသားမှ မရေးသားပဲ တင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အသင်းရဲ့ ရလဒ်ကို ဂရုမစိုက်တဲ့အပြင် ပရိသတ်ကိုပါ စော်ကားတဲ့ အပြုအမူဆိုပီး ဝေဖန်ခဲ့ကြပါတယ်။

play

 

ဒီပုံက ဘောလုံးပွဲပြီးတာနဲ့ တင်ဖို့လုပ်ထားတဲ့ပုံမဟုတ်ဘူးလို့ လက်စ်ကော့က ပြောပါတယ်။ ကားမောင်းနေရင်း ဖုန်းကို အိတ်ထဲထည့်ထားတုန်း မတော်တဆ ဖြစ်သွားခဲ့တာလို့ ကာကွယ်ပါတယ်။ လီဗာပူးနဲ့ပွဲမှာ အသင်းရဲ့ ခြေစွမ်းအတွကတော့ ပရိသတ်တွေကို တောင်းပန်းကြောင်း လက်စ်ကော့က ထပ်ပြောခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD