play

 

နယ်သာလန် ဒုတိယတန်းအမှတ်ပေးပြိုင်ပွဲဝင်အသင်းဖြစ်တဲ့ RKC Wallwijk အသင်းဟာ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် အံ့သြစရာတစ်ခု လုပ်ပြလိုက်ပါတယ်။ ကလေးငယ်တွေရဲ့ လက်ကိုတွဲပြီး ဘောလုံးသမားတွေ ကွင်းထဲလျှောက်လာကြတာ ပရိသတ်တွေ မြင်ဖူးကြမှာပါ။

play

 

Waalwijik အသင်းကတော့ ဒီလိုမဟုတ်ဘူး။ ကလေးငယ်တွေခေါ်လာမယ့်အစား လုံးကြီးပေါက်လှမော်ဒယ်တွေကို ဘောလုံးသမားတွေက လက်တွဲပြီး ခေါ်လာခဲ့တာဖြစ်ပါတယ်။ အမြဲတမ်း အတွက်တော့ သူတို့အသင်းက ဒါမျိုးမလုပ်ပါဘူး။ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ဒါမျိုး လုပ်ပြခဲ့တာ ဖြစ်ပါတယ်။

play

 

ဘောလုံးသမားတွေ လက်ကိုတွဲပြီး ကွင်းထဲလှမ်းလာတဲ့မော်ဒယ်တွေကလည်း အနက်ရောင်ဇာအတွင်းခံ၊ ရှေ့မှာစုချည်ထားတဲ့ ရှပ်အင်္ကျီအဖြူရောင်တွေကို ဝတ်ဆင်ထားခဲ့ကြပါတယ်။ Waalwijk အသင်းဟာ ဒုတိယတန်းအမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ရလဒ်မကောင်းပဲ အောက်ပိုင်းမှာ ရပ်တည်နေရတဲ့ အသင်းဖြစ်ပါတယ်။ အဲဒီပွဲမှာလည်း သူတို့အသင်းက အမ်မန်အသင်းကို ၀-၁ ဂိုးနဲ့ ရှုံးသွားခဲ့ပါတယ်။

Source : Metro

Photos : Toin Damen

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video