AD
AD
AD
play

 

အချိန်နှစ်လကျော်ကြာ ရပ်တန့်ခဲ့တဲ့ ဥရောပချန်ပီယံလိဂ် ပွဲစဉ်တွေပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ ၁၆ သင်းရှုံးထွက်အဆင့်မှာ စိတ်ဝင်စားစရာပွဲစဉ်တွေနဲ့ ပြည့်နှက်နေဆဲပါ။

ပထမဆုံးပြန်လည်ကစားမယ့် ပွဲစဉ်က ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီး၊ ဇင်းနစ်နဲ့ ဘင်ဖီကာတို့ရဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ချယ်လ်ဆီးပွဲမတိုင်ခင် သိထားတဲ့ အချက် (၆) ချက်ရှိပါတယ်။

၁။ ဒဏ်ရာရပွဲပယ်

play

 

ပီအက်စ်ဂျီဘက်မှာတော့ အီဗရာဟီမိုဗစ်ခ်ျ၊ ဒီမာရီယာ၊ လူးကပ်စ်မော်ရာ၊ ဒေးဗစ်လုဇ်နဲ့ ဆေးလ်ဗားတို့ ပါဝင်နိုင်ကြမှာပါ။ ပွဲပယ်ထိထားတဲ့ အော်ရီယာပါနိုင်မှာ မဟုတ်သလို ဗာရက်တီလည်း ပွဲထွက်စာရင်းမှာ မပါနိုင်ဘူလို့ ဆိုပါတယ်။

play

 

ချယ်လ်ဆီးဘက်မှာတော့ မာတစ်က ပွဲပယ်ကြောင့် ပါနိုင်မှာ မဟုတ်ဘူး။ အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ဒဏ်ရာရနေပါတယ်။ ကျန်တဲ့ကစားသမားတွေတော ပါနိုင်ကြမှာပါ။

၂။ ပီအက်စ်ဂျီအတွက် အားသာချက်

ပီအက်စ်ဂျီအသင်းက နောက်ဆုံ ၂၃ သုံးပွဲမှာ လုံးဝရှုံးပွဲမရှိသေးပါဘူး။ မနှစ်ကတွေ့ဆုံမှုမှာ ပီအက်စ်ဂျီက ချယ်လ်ဆီးကို နှစ်ကျော့လုံး နိုင်ထားပါတယ်။

၃။ ချယ်လ်ဆီးအတွက် အားသာချက်

ချယ်လ်ဆီးကလည်း ရှုံးပွဲမရှိတာ ၁၂ ပွဲရှိပြီဖြစ်ပါတယ်။ နည်းပြသစ်လက်ထက်မှာ ရှုံးပွဲမရှိသေးပါဘူး။ ချန်ပီယံလိဂ် အုပ်စုတွင်းမှာလည်း လေးပွဲနိုင်၊တစ်ပွဲသရေကျပြီး တစ်ပွဲပဲ ရှုံးထားပါတယ်။

၎။ နောက်ဆုံး ငါးကြိမ်တွေ့ဆုံမှု

ချယ်လ်ဆီး ၂-၂ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၁-၁ ချယ်လ်ဆီး

ချယ်လ်ဆီး ၂-၀ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၃-၁ ချယ်လ်ဆီး

ချယ်လ်ဆီး ၀-၀ ပီအက်စ်ဂျီ

၅။ အီဗရာဟီမိုဗစ်ခ်ျနှင့် အီဗန်နိုဗစ်ခ်ျ အားပြိုင်မှု

play

 

ချယ်လ်ဆီးနောက်ခံကစားသမား အီဗန်နိုဗစ်ခ်ျက ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို အဓိက ထိန်းချုပ်ရမှာဖြစ်ပါတယ်။ တယ်ရီရဲ့ တာဝန်ကို အီဗန်နိုဗစ်ခ်ျ ယူထားရတာပါ။ ဒီအားပြိုင်မှုက ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

၆။ ကော်စတာ နှင့် ဆေးလ်ဗား အားပြိုင်မှု

play

 

ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာကိုတော့ ပီအက်စ်ဂျီရဲ့ ဘရာဇီးနောက်ခံကစားသမား ဆေးလ်ဗားက ထိန်းချုပ်ထားရမှာပါ။ ကမ္ဘာ့အကောင်းဆုံး နောက်ခံကစားသမားတစ်ဦးကို ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ ကျော်လွှားရမှာ ဖြစ်ပါတယ်။ ဒီအားပြိုင်မှုကလည်း ပွဲရဲ့အဖြေကို အလှည့်အပြောင်း ဖြစ်စေနိုင်ပါတယ်။

Source : Mirror

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD