AD
AD
AD
play

 

ချယ်လ်ဆီးကို နိုင်ပွဲရဖို့ ပီအက်စ်ဂျီအသင်း ဒီတစ်ခေါက်မှာ ရုန်းကန်ခဲ့ရပေမဲ့ နောက်ဆုံးမှာ ကာဗာနီရဲ့ သွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။

ချယ်လ်ဆီးအသင်းဘက်က တိုက်စစ်မှာ ကော်စတာဦးဆောင်ခဲ့ပြီး ကွင်းလယ်မှာ ဟာဇက်၊ ဝီလျံနဲ့ ပက်ဒရိုတို့ ပွဲထွက်ခဲ့ပါတယ်။ အိမ်ရှင်ပီအက်စ်ဂျီအသင်းက ၄-၃-၃ ကစားကွက်နဲ့ ချယ်လ်ဆီးကို ရင်ဆိုင်ခဲ့တာဖြစ်ပြီး တိုက်စစ်မှာ အီဗရဟီမိုဗစ်ခ်ျ၊ လူးကပ်စ်နဲ့ ဒီမာရီယာတို့သုံးဦးလုံး ဦးဆောင်ခဲ့ပါတယ်။

play

 

ပွဲစလိုက်တာနဲ့ တစ်ပြိုက်နက် မရပ်မနား တိုက်စစ်ဆင်ခဲ့တာ အိမ်ရှင်ပီအက်စ်ဂျီအသင်း ဖြစ်ပါတယ်။ ဆယ်မိနစ်အတွင်းမှာပဲ အိမ်ရှင် ပီအက်စ်ဂျီအသင်း ဂိုးရလုနီးနီး နှစ်ကြိမ်လောက် ဖြစ်ခဲ့ပါတယ်။

၁၉ မိနစ်မှာ မီခေးလ်ကို ပြစ်ဒဏ်ကျူးလွန်လို့ အီဗရာဟီမိုဗစ်ခ်ျ အဝါကတ်ထိသွားပါတယ်။ မာတွီဒီနဲ့ လူးကပ်စ်တို့အတွဲဟာ ချယ်လ်ဆီးနောက်တန်းကို အတော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ ဆက်တိုက်တိုက်စစ်ဆင်လွန်းတဲ့ ပီအက်စ်ဂျီအသင်း ၃၉ မိနစ်မှာ အဖွင့်ဂိုးရသွားပါတယ်။ တိုက်စစ်မှူး အီဗရာဟီအိုဗစ်ချရဲ့ ပြစ်ဒဏ်ဘောကန်ချက်ဟာ မီခေးလ်နဲ့အနည်းငယ်ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

play

 

play

 

ချယ်လ်ဆီးပြန်အားဖိအားပေး ကစားနိုင်ခဲ့တဲ့အတွက် ပထမပိုင်းပြီးလုပြီးချင်လေးမှာ ချေပဂိုးပြန်ရသွားပါတယ်။ ထောင့်ကန်ဘောကန်တင်ချက်က တစ်ဆင့် ဂိုးရှေ့မှာ ရှိနေတဲ့ မီးခေးလ်ဆီ ဘောလုံးတည့်တည့်ကြီး ရောက်လာခဲ့ပါတယ်။ ဒါကြောင့် မီးခေးလ်အနီးကပ် ပိတ်သွင်းနိုင်ခဲ့ပြီး ချေပဂိုး ရခဲ့တာပါ။

play

 

 ဒုတိယပိုင်း ပြန်စပြီး ဆယ့်ငါးမိနစ်လောက်အထိ ပီအက်စ်ဂျီ တိုက်စစ် အလုပ်မဖြစ်ခဲ့ဘဲ ချယ်လ်ဆီးက ထိုးဖောက်မှုသာ ပိုထိရောက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာလည်း ချယ်လ်ဆီး ဂိုးရလုနီးနီးတွေ ဖြစ်ခဲ့ပါသေးတယ်။

play

 

ပွဲချိန် ၇၈ မိနစ်မှာတော့ ပီအက်စ်ဂျီ ဦးဆောင်ဂိုးရသွားပါတယ်။ ဒီဂိုးဟာ အနိုင်ဂိုးလည်း ဖြစ်ခဲ့တယ်။ ဒီမာရီယာရဲ့ ကွင်းလယ်ကနေ ပေးပို့ချက်ဟာ တိတိကျကျနဲ့ ကာဗာနီဆီ ရောက်သွားခဲ့ပါတယ်။ ကာဗာနီက ဂိုးသမား ကော့တွစ်နဲ့အတွေ့မှာ ဂိုးသမားခြေထောက်ကြားထဲကနေ မထင်မှတ်တဲ့ပုံစံနဲ့ ကန်သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့်ချယ်လ်ဆီးအသင်း နည်းပြသစ် ဂုဟစ်ဒင့် လက်ထက်မှာ ပထမဆုံးရှုံးပွဲ ဖြစ်ခဲ့ရပါတယ်။

တစ်ဖက်မှာလည်း ဘင်ဖီကာအသင်းက ဇင်းနစ်ကို မိနစ်ကိုးဆယ်ရောက်မှ သွင်းယူတဲ့ဂိုးနဲ့ အနိုင်ရသွားပါတယ်။

Source : flashscore

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD