AD
AD
AD
play

 

လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက ဘယ်သူမှ သတိမထားမိခဲ့တဲ့ ဘောလုံးသမား ဗာဒီဟာ အခုတော့ ပိုပြီးကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ မကြာသေးခင်ကပဲ လက်စတာအသင်းက လစာတိုးပေးပြီး စာချုပ်သစ် ချုပ်လိုက်တဲ့အတွက် ဗာဒီကားက ဇိမ်ခံကားအသစ်ဝယ်စီးလိုက်တဲ့အကြောင်း Daily Mail သတင်းစာက ဖော်ပြပါတယ်။

play

 

စာချုပ်သစ်အရ တိုက်စစ်မှူးဗာဒီဟာ တစ်ပတ်လုပ်ခလစာ ပေါင် ရှစ်သောင်း ရမှာဖြစ်ပါတယ်။ စာချုပ်သစ် ချုပ်လိုက်ပြီးတဲ့နောက်မှာ ဗာဒီက ပေါင် ၁၆၈,၀၀၀ တန် ဘန်တလေအမျိုးအစား ဇိမ်ခံကားကို ဝယ်ယူခဲ့တာပါ။ ဒီလိုကားအမျိုးအစားကို မန်ယူအသင်း ကစားသမား ဝိန်းရွန်နေးနဲ့ ဒေးဗစ်ဘက်ခမ်းတို့လည်း ဝယ်ယူခဲ့ကြဖူးပါတယ်။

play

 

လက်ရှိမှာ တိုက်စစ်မှူးဗာဒီကလည်း ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေသလို လက်စတာကလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အသင်းဖြစ်ပါတယ်။ ရာသီကုန်လို့ ချန်ပီယံဖြစ်ရင် လက်စတာအသင်းကို အသင်းပိုင်ရှင်က လက်စ်ဗီးဂတ်လိုက်ပို့မယ်လို့ ကတိပေးထားပါသေးတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD