AD
AD
AD
play

 

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယနေ့ပွဲစဉ်တွေကို ရောက်လာခဲ့ပြန်ပါပြီ။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်စောပိုင်း ၀၂း၁၅ နာရီမှာ ရိုးမားနဲ့ ရီးရဲလ်မက်ဒရစ်ပွဲကို ပရိသတ်တွေ ရင်ခုန်ကြရဦးမှာပါ။

နှစ်စဉ်နှစ်တိုင်းလိုလို ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းဖြစ်တဲ့အတိုင်း ဒီနှစ်လည်း ထိပ်ဆုံးက ရေပန်းစားတဲ့ အသင်းပါ။ ရိုးမားကလည်း အီတလီကလပ်တို့  ထုံးစံအတိုင်း မထင်ထားတာတွေ လုပ်ပြတက်တဲ့ အစဉ်အလာ ရှိပါတယ်။

ဒီပွဲမတိုင်ခင် သိထားသင့်တဲ့ အချက် (၅)  ချက်ရှိပါတယ်။

၁။ အသင်းဒဏ်ရာရပွဲပယ်

play

 

ဧည့်သည်အသင်း ရီးရဲလ်မက်ဒရစ်ဘက်မှာ တိုက်စစ်မှူး ဂါရက်ဘေးလ် ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ ပီပီနဲ့ မာဆယ်လိုတို့တော့ ပြန်ပါလာဖို့ မျှော်လင့်ရပါတယ်။

ရိုးမားအသင်းဘက်က မှာ ဒဏ်ရာရပြဿနာ မရှိသလောက် နည်းပါးနေပါတယ်။ တိုက်စစ်မှာ ဇီကိုနဲ့ ဂျာနစ်တို့ ရှိနေပါလိမ့်မယ်။

၂။ ရိုးမားအတွက် အားသာချက်

play

 

ဒီနှစ်သင်း နောက်ဆုံးတွေ့ထားတာတော့ အင်တာနေရှင်နယ်ချန်ပီယံများဖလားမှာပါ။ အဲဒီကတုန်းက တစ်ပွဲသရေကျပြီး တစ်ပွဲကို ရိုးမားနိုင်ပါတယ်။ ချန်ပီယံလိဂ်မှာနောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ ရှစ်နှစ်ကဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ရိုးမားနိုင်ပါတယ်။

၃။ ရီးရဲလ်မက်ဒရစ်အတွက် အားသာချက်

play

 

ဒီနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ် ရှုံးပွဲမရှိသေးပါဘူး။ အုပ်စုတွင်းပွဲစဉ်မှာ တစ်ပွဲမှ မရှုံးခဲ့တာက ဒီပွဲလည်း ရလဒ်ကောင်းနိုင်တယ်ဆိုတဲ့ အားသာချက် ရီးရဲလ်မက်ဒရစ်မှာ ရှိနေပါတယ်။

၎။ လက်ရှိခြေစွမ်းနှင့်ရလဒ်

play

 

 ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ကစားခဲ့တဲ့ အမှတ်ပေးပွဲစဉ် အသီးသီးမှာ ရီးရဲလ်မက်ဒရစ်ရော၊ ရိုးမားပါ နိုင်ပွဲရထားပါတယ်။ ရိုးမားက နောက်ဆုံးငါးပွဲမှာ တစ်ပွဲရှုံးလေးပွဲနိုင်ထားပြီး ရီးရဲလ်မက်ဒရစ်က တော့ လေးပွဲနိုင် တစ်ပွဲသရေကျထားပါတယ်။

၅။ အဓိက ကစားသမား

play

 

ရီးရဲလ်မက်ဒရစ်က ဂါရက်ဘေးလ်လည်း မရှိတဲ့အချိန်မှာ ရော်နယ်ဒို ခြေစွမ်းပြနိုင်ဖို့သာ အားထားနေရပါတယ်။ ရော်နယ်ဒို ဂိုးမသွင်းနိုင်ရင် ရီးရဲလ်အခက်တွေ့လေ့ရှိပါတယ်။ ရိုးမားဘက်မှာတော့ တော့တီပါလာဖို့ များနေပါတယ်။ တော့တီနဲ့ ဇီကိုတို့ကလည်း ပွဲကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။

Source : IBT

Photos : IBT, Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD