play

 

လာမယ်နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်း ကွင်းလယ်ကစားသမား အာဆင်နယ်ကို ရောက်ရှိသွားနိုင်ကြောင်း Daily Mirror သတင်းစာက ဖော်ပြပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးဟာ မိုက်ကယ်ကားရစ်ကို ခေါ်ဖို့ကြိုပမ်းနေခဲ့တာ အတော်ကြာခဲ့ပြီလို့ ဆိုပါတယ်။

သာမန်အားဖြင့် လူငယ်ကစားသမားတွေကိုသာ ပစ်မှတ်ထား ခေါ်ယူတက်တဲ့ အာစင်ဝင်းဂါးက ဒီနှစ်မှာတော့ သူ့ရဲ့စည်းမျဉ်းကို မိုက်ကယ်ကာရစ်အတွက် ချိုးဖောက်ဖွယ် ရှိနေပါတယ်။ စပါးအသင်း ကစားသမားဟောင်းလည်း ဖြစ်တဲ့ မိုက်ကယ်ကာရစ်ဟာ မန်ယူကို ၂၀၀၆ ခုနှစ်မှာ ရောက်လာခဲ့တာပါ။ မန်ယူကစားသမား မိုက်ကယ်ကာရစ်ကို ခေါ်ယူဖို့ အာစင်ဝင်းဂါး သုံးကြိမ်ထက် မနည်းကမ်းလှမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။

play

 

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မိုက်ကယ်ကာရစ်ကို မန်ယူဘက်က စာချုပ်သက်တမ်းတိုးမြှင့်ခြင်း မရှိသေးပါဘူး။ မိုက်ကယ်ကာရစ်က အမေရိကန်မေဂျာလိဂ် သို့မဟုတ် ပီက်အက်စ်ဂျီကို ပြောင်းဖို့လည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Source : Daily Mirror

Photos : Joe

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video