AD
AD
AD
play

 

လာလီဂါထိပ်သီးအသင်း ရီးရဲလ်မက်ဒရစ်က ရိုးမားနဲ့ ချန်ပီယံလိ ၁၆ သင်းအဆင့် ပွဲစဉ် ပထမပိုင်းမှာ ဂိုးသွင်းဖို့ အခက်တွေ့ခဲ့ပေမယ့်လည်း ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရသွားပါတယ်။ အဝေးကွင်းမှာ နှစ်ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် နောက်တဆင့်တက်ဖို့အတွက် အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အိမ်ရှင်ရိုးမားအသင်းဘက်ကမှာ တိုက်စစ်က လူမစုံပဲ ပွဲထွက်လာပါတယ်။ တော့တီ၊ ဇီကိုနဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဒီရော့စီတို့ ပွဲထွက်စာရင်းမှာ မပါနိုင်ခဲ့ကြပါဘူး။ ရီးရဲလ်မက်ဒရစ်ကတော့ တိုက်စစ်မှာ ဂါရက်ဘေးလ်မပါနိုင်တာကလွဲလို့ ဒီပွဲမှာ လူစုံခဲ့ပါတယ်။ ပွဲစကတည်းက ရီးရဲလ်မက်ဒရစ်ဘက်က အကြိမ်ကြိမ်ထိုးဖောက်ပေမယ့် ပထမပိုင်း  ဂိုးရဖို့ အတော်ခက်ခဲခဲ့ရပါတယ်။

play

 

အထူးသဖြင့် ရိုးမားကွင်းလယ်က ကောင်းမွန်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ရီးရဲလ်ဘက်က ရော်နယ်ဒိုရဲ့ ပြစ်ဒဏ်ဘောတွေနဲ့သာ အစပိုင်းမှာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကို ဖလော်ရန်ဇီက ထိန်းချုပ်နေခဲ့တာကြောင့် ရီးရဲလ်အခက်တွေ့နေခဲ့ရတယ်။

play

 

ပထမပိုင်းမှာ ဂိုးမရှိသရေသာဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်း ပြန်စပြီး ၁၂ မိနစ်အကြာမှာတော့ ရီးရဲလ်မက်ဒရစ် အဖွင့်ဂိုး စရပါတယ်။ ဘယ်ခြမ်းက ဘောလုံးဆွဲပြေးလာတဲ့ ရော်နယ်ဒိုက ဂိုးဧရိယာစပ်နားအရောက်မှာ ဖလော်ရန်ဇီကို တစ်ချက်ခေါက်ပြီး ဂိုးထောင့်ထဲ အပြင်းကန်သွင်းယူလိုက်တာပါ။ အဲဒီနောက် ရိုးမားက ဇီကို လူစားဝင်လာပါတယ်။

play

 

နောက်ပိုင်းမှာလည်း ရိုးမားက အခွင့်အရေးမရပဲ ရီးရဲလ်မက်ဒရစ်သာ ထပ်ရခဲ့ပြန်ပါတယ်။ ၈၆ မိနစ်မှာ ရီးရဲလ်မက်ဒရစ် နောက်တစ်ဂိုးထပ်ရပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အစား လူစားဝင်ထားတဲ့ ဂျေစီက ညာခြမ်းက ဆွဲပြေးလာပြီး နောက်ခံလူတွေကြားက ဂိုးတိုင်ထောင့်နားကို အနိမ့်ဘော ကန်သွင်းယူလိုက်တာပါ။

play

 

ဒီဂိုးကြောင့် ရီးရဲလ်မက်ဒရစ် ကွာတားဖိုင်နယ်တက်ဖို့ ရေပန်းစားခဲ့ပါပြီ။ တစ်ဖက်က ပွဲစဉ်မှာတော့ အဝေးကွင်း အသင်းဝုလ်ဘတ်က ဂျန့်ကို ၂-၃ ဂိုးနဲ့ အနိုင်ရပါတယ်။

play

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD