AD
AD
AD
play

 

မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နေးဟာ ဒဏ်ရာကြောင့် နှစ်လနီးပါး အနားယူရတော့မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ည (ယနေ့ည) ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်ကိုလည်း လွဲချော်တော့မှာပါ။

play

 

အသင်းခေါင်းဆောင် ရွန်နေးက ဒူးအရွန်စုတ်ပြဲတဲ့ ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် နားနေရတဲ့ အချိန်အတွင်းမှာ ရွန်နေးက အရေးကြီးပွဲစဉ်အချို့ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ မစ်ဂျီလန်းအသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်အပါအဝင်၊ ရှရူဘူရီ(အက်ဖ်အေ)၊ အာဆင်နယ်၊ ဝက်ဖို့ဒ်၊ ဝက်စ်ဘရွန်း၊ ခရစ္စတယ်လ်ပဲလေ့စ်၊ မန်စီးတီး၊ အဲဗာတန်၊ စပါးတို့နဲ့ ပွဲတွေကို လွဲတော့မှာပါ။

play

 

ကလအသင်းကချန်ပီယံလိဂ် ဝင်ခွင့်နောက်ဆုံးနေရာနဲ့ ခြောက်မှတ်ကွာနေချိန်မှာ ရွန်နေးမပါနိုင်တာက အသင်းအတွက်  ထိုးနှက်ချက်ဖြစ်လာပါတယ်။

Source : ESPN

Photos : Daily mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD