AD
AD
AD
play

 

ချန်ပီယံလိဂ် ပြိုင်ပွဲတွေ ပြီးဆုံးသွားပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်နေ့ညမှာ ကစားမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲရဲ့ မျက်နှာသစ်အသင်းငယ်လေး မစ်ဂျီလန်းရဲ့ အိမ်ကွင်းမှာ မန်ယူသွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ထူးခြားတာ ဒိန်းမတ်ကလပ် မစ်ဂျီလန်းအသင်းရဲ့ သက်တမ်းဟာ အတော်ကို နုနယ်သေးတယ် ဆိုတာပါပဲ။ မန်ယူအသင်းရဲ့ ယူရိုပါလိဂ် ပြိုင်ဘက်ဟာ ဘယ်လောက်သက်တမ်းနုနယ်သေးတယ်ဆိုတာကို သက်သေပြနေတဲ့ အချက် (၁၀) ချက်ရှိပါတယ်။

၁။ မိုက်ကယ်အိုဝင်ဂိုး

play

 

၁၉၉၈ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်တိုက်စစ်မှူး မိုက်ကယ်အိုဝင် အာဂျင်တီးနားဘက်ကို သွင်းတဲ့ဂိုးဟာ နာမည်ကျော်ခဲ့ပါတယ်။ အဲဒီဂိုး သွင်းခဲ့တုန်းက မစ်ဂျီလန်းအသင်းမရှိသေးပါဘူး။

၂။ Teletubbies

play

 

မျိုးဆက်သစ်ကလေးငယ်တွေအတွက် ရုပ်သံဇာတ်ကောင်လေးတွေဖြစ်တဲ့ Teletubbies ကို အနည်းဆုံး တစ်ခါတော့ မြင်ဖူးကြမှာပါ။ အဲဒီရုပ်သံဇာတ်လမ်းတွေကလည်း ၁၉၉၇ နှစ်မှာ စတင်ခဲ့တာဖြစ်လို့ မစ်ဂျီလန်းအသင်းထက် အသက်ကြီးပါတယ်။

၃။ ကန်တိုနာ

play

 

မန်ယူအသင်းနဲ့အတူ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ကန်တိုနာ ဘောလုံးသမားဘဝက အနားယူခဲ့တာ ၁၉၉၇ ခုနှစ်မှာပါ။ အဲဒီတော့ ကန်တိုနာရဲ့ ပင်စင်ကလည်း မစ်ဂျီလန်းထက်တောင် သက်တမ်းရင့်နေပါသေးတယ်။

၎။ မာတင်အိုဒီဂါ့ဒ်

play

 

ရီးရဲလ်မက်ဒရစ်က နော်ဝေလူငယ်ကစားသမားလေး အိုဒီဂါ့ဒ်ကို ခေါ်ထားတာ မကြာသေးပါဘူး။ အိုဒီဂတ်က အသက် ၁၇ နှစ်ပဲရှိသေးတဲ့ လူငယ်လေးပါ။ မစ်ဂျီလန်းအသင်း သက်တမ်းက အိုဒီဂါ့ဒ်ထက်တောင် ငယ်ပါသေးတယ်။

၅။ ဂျေဒင်စမစ်သ်

play

 

ဟောလီးဝုဒ်သရုပ်ဆောင် ဝီလ်စမစ်သ်မှာ ဂျေဒင်စမစ်သ်ဆိုတဲ့ သားတစ်ယောက်ရှိတာ ပရိသတ်တွေ သိကြမှာပါ။ ဂျေဒင်စမစ်သ်ရဲ့ အသက်က ၁၇ နှစ်ရှိပြီဖြစ်လို့ မစ်ဂျီလန်းအသင်းထက် အသက်ကြီးပါတယ်။

Source & Photos : JUK

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD