play

 

အာဆင်နယ်နဲ့ ဟားလ်စီးတီးအသင်းတို့ ကစားကြမယ့် အက်ဖ်အေဖလားပွဲစဉ်အတွက် အာဆင်နယ်ပရိသတ်တွေ စိုးရိမ်ပူပန်နေကြပါတယ်။ အကြောင်းကတော့ ဒီပွဲစဉ်အတွက် ခန့်အပ်ထားတဲ့ ဒိုင်လူကြီးကြောင့် ဖြစ်ပါတယ်။

play

 

အာဆင်နယ်ဟာ ခြေစွမ်းဘယ်လောက်ပဲ ကောင်းနေချိန်ဖြစ်ဖြစ် ကွင်းလယ်ဒိုင် မိုက်ဒင်းကိုင်တွယ်တဲ့ ပွဲစဉ်ဆိုရင် ရလဒ်ကောင်းလေ့မရှိတာကို တွေ့ရပါတယ်။ မိုက်ဒင်းကိုင်တွယ်တဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်အားလုံးကိုတွက်ကြည့်လိုက်ရင် နိုင်ပွဲရတဲ့ ရခိုင်နှုန်းက ၂၆.၄၇ ရာခိုင်နှုန်းသာရှိပါတယ်။ ရှုံးပွဲက ၃၂.၃၅ ရာခိုင်နှုန်းရှိပြီး သရေရလဒ်ထွက်တာက ၄၁.၁၈ ရာခိုင်နှုန်းပါ။

play
လူမှုကွန်ယက်တွေမှာတော့ အာဆင်နယ်နဲ့ အက်ဖ်အေဖလား ဝေးပြီးဆိုပြီး နောက်ပြောင်းထားပါတယ်

 

မိုက်ဒင်းမကိုင်တွယ်တဲ့ ပွဲစဉ်ဆိုရင် အာဆင်နယ်က ဒီထက်ပိုရလဒ်ကောင်းလေ့ရှိပါတယ်။ ဒါကြောင့် အာဆင်နယ် ပရိသတ်တွေက လာမယ့် စနေနေ့ကစားမယ့် အက်ဖ်အေဖလားပွဲစဉ်အတွက် စိတ်မသက်မသာ ဖြစ်နေကြတာပါ။ မိုက်ဒင်းကို ပွဲကိုင်ခိုင်းမယ်လို့ အက်ဖ်အေက အတည်ပြုပြီးနောက် လူမှုကွန်ယက် စာမျက်နှာတွေမှာ အာဆင်နယ်ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို နေရာအနှံ့တွေ့မြင်နိုင်ပါတယ်။

Source : JK

Photos : Daily Mail, JK

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video