AD
AD
AD
play

 

ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အသလက်တီကိုနည်းပြ ဆီမြွန်နီကို ကမ်းလှမ်းထားကြောင်း ဗြိတိန်သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဆီမြွန်နီနဲ့ ချယ်လ်ဆီးအသင်းကြား လျှို့ဝှက်သဘောတူညီမှုတောင် ရရှိခဲ့ပြီးပြီလို့ အချို့သတင်းတွေက ဆိုပါတယ်။

play

 

 မန်စီးတီးအသင်းက ရာသီကုန်ရင် နည်းပြဂွါဒီယိုလာကို ခန့်အပ်မယ်လို့ တရားဝင်ကြေငြာထားချိန်မှာ  ချယ်လ်ဆီးကတော့ သင့်တော်တဲ့နည်းပြနေရာအတွက် ရှာဖွေနေရဆဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးရဲ့ အဓိကပစ်မှတ်ဟာ ဆီမြွန်နီသာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးဘက်ကရော အသလက်တီကိုအသင်းဘက်ကပါ ဒီကိစ္စအပေါ် နုတ်ဆိတ်နေဆဲပါ။

play

 

ချယ်လ်ဆီးအသင်းက လက်ရှိယာယီနည်းပြရေနီယာရီနဲ့ ရာသီအကုန်မှာ လမ်းခွဲဖို့သေချာပေမယ့် နည်းပြသစ်ကိုတော့ မကြေငြာနိုင်သေးတာဖြစ်ပါတယ်။ မန်ယူကလည်း ရာသီကုန်တဲ့အခါ မော်ရင်ဟိုကို ခန့်အပ်ဖို့ သေချာလုနီးပါးရှိနေပါပြီ။

Source & Photos : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD