AD
AD
AD
play

 

ဘာစီလိုနာနဲ့ လက်စ်ပါးမက်စ်တို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ တိုက်စစ်မှူးဆွာရက်ဇ်က တစ်ဂိုးသွင်းခဲ့ပြီးတဲ့နောက် ဒီရာသီမှာ စုစုပေါင်းသွင်းဂိုး ၄၁ ဂိုးဖြစ်လာပါတယ်။ ဒီအရေအတွက်ဟာ အာဆင်နယ်အသင်း တစ်သင်းလုံး ဒီနှစ်ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ သွင်းထားတဲ့ ဂိုးအရေအတွက်နဲ့ တူညီနေပါတယ်။

လာမယ့်တစ်ပတ်မှာ အာဆင်နယ်အသင်းက ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ရမှာပါ။ အာဆင်နယ်အသင်းက ဒီနှစ်ဘောလုံးရာသီမှာ အမှတ်ပေးဖလားယူဖို့ အခြေအနေ အတော်လေး ကောင်းနေပမယ့်လည်း အသင်းရဲ့ စုစုပေါင်းသွင်းဂိုးက ဘာစီလိုနာက တိုက်စစ်မှူးဆွာရက်ဇ် တစ်ယောက်တည်းရဲ့ သွင်းဂိုးအရေအတွက်သာ ရှိနေသေးတာဖြစ်ပါတယ်။ ဆွာရက်ဇ်က ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ၄၁ ဂိုးသွင်းထားတာဖြစ်ပြီး အာဆင်နယ်က ပရီးမီးယားလိဂ် ၂၆ ပွဲမှာ တစ်သင်းလုံးက ၄၁ ဂိုးရထားတာဖြစ်ပါတယ်။

play

 

ဆွာရက်ဇ်ရဲ့ သွင်းဂိုးအရေအတွက်က မန်စီးတီး၊ လက်စတာ၊ စပါးအသင်းတို့ရဲ့ သွင်းဂိုးထက်တော့နည်းနေပါသေးတယ်။ ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃၃ ဂိုးပဲသွင်းထားသေးတဲ့ မန်ယူထက်တော့များနေပါတယ်။ လာမယ့်တစ်ပတ် ဘာစီလိုနာနဲ့ တွေ့ရမယ့် အာဆင်နယ်အသင်းအတွက် ဆွာရက်ဇ်ဟာ ဒုက္ခပေးမယ့် ကစားသမား ဖြစ်လာနိုင်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD