AD
AD
AD
play

 

တူရကီအဆင့်မြင့်တန်းဘောလုံးပြိုင်ပွဲတစ်ခုမှာ ထရာဇွန်စပေါ ကစားသမားတစ်ဦးက ကွင်းလယ်ဒိုင်ကို အနီကတ် ပြန်ပြတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ထရာဇွန်စေပါ အသင်းဘက်က ကစားသမားလေးဦးအထိ အထုတ်ခံလိုက်ရပါတယ်။

play

 

ပွဲပြီးခါနီး ၈၈ မိနစ်အရောက်မှာ ဂါလာတာဆာရေးတိုက်စစ်မှူးကို ထရာဇွန်စပေါဘက်က ပင်နယ်နတီဧရိယာထဲ အဖျက်ကြမ်းခဲ့တဲ့အတွက် ဒိုင်က ပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့ ထရာဇွန်ကစားသမာေးတွက စောဒကတက်ရာမှာ တစ်ယောက်ထပ်ပြီး အထုတ်ခံလိုက်ရပါတယ်။ အဲဒီမတိုင်ခင်မှာလည်း ထရာဇွန်စပေါအသင်းဘက်က နှစ်ယောက်အထုတ်ခံရပြီးပြီး ဖြစ်ပါတယ်။

ဒိုင်းနဲ့အငြင်းပွားနေချိန်မှာ ထရာဇွန်စပေါကစားသမား ဆာလစ်ရှ်ဒါဆန်က ဒိုင်လက်ထဲက အနီကတ်ကို လုယူပြီး ဒိုင်ကို အနီကတ် ပြန်ပြလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကွင်းလယ်ဒိုင်က မကျေမနပ်ဖြစ်ပြီး ဒါဆန်ကိုပါ အနီကတ်နဲ့ ထပ်မံထုတ်ပယ်လိုက်ပါယ်။ အဲဒီပွဲစဉ်မှာ ဂါလာတာဆာရေးက ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

Source : JUK

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD