AD
AD
AD
play

 

အက်ဖ်အေဖလားဖလား ပဉ္စမအဆင့် ပွဲစဉ်တွေ ပြီးဆုံးသွားခဲ့ပြီးနောက် ကွာတားဖိုင်နယ်ပွဲစဉ်တွေ ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ပဉ္စမအဆင့် ပွဲစဉ်တွေမှာ ချယ်လ်ဆီး၊ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ နိုင်ပွဲတွေရပြီး နောက်တစ်ဆင့်ကို တက်လာခဲ့ကြတာဖြစ်ပါတယ်။

play

 

အက်ဖ်အေလား ၇ ကြိမ်ရဖူးထားတဲ့ ချယ်လ်ဆီးအသင်းက ကွာတားဖိုင်နယ်မှာ အဲဗာတန်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ၂၀၀၉ ခုနှစ်တုန်းက အက်ဖ်အေဗိုလ်လုပွဲမှာလည်း တွေ့ဆုံခဲ့ဖူးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်တုန်းကလည်း ဂုဟစ်ဒင့်က အခုလိုပဲ ချယ်လ်ဆီးကို ယာယီနည်းပြအဖြစ်နဲ့ ကိုင်တွယ်နေတာပါ။

play

 

ချန်ပီယံရှစ်အသင်း ရီးဒင်းက ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပဉ္စမအဆင့် ပွဲစဉ်မှာ အနိုင်အရှုံးအဖြေမထွက်ခဲ့လို့ ပြန်ကန်ရမယ့်ပွဲစဉ် နှစ်ပွဲရှိပါတယ်။ မန်ယူက ရှရူဘယ်ရီနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး အာဆင်နယ်က ဟားလ်စီးတီးနဲ့ ပြန်ကန်ရမှာပါ။

အက်ဖ်အေကွာတားဖိုင်နယ် ပွဲစဉ်များ

ရီးဒင်း - ခရစ္စတယ်ပဲလေ့စ်

အဲဗာတန် - ချယ်လ်ဆီး

အာဆင်နယ် (သို့) - ဝက်ဖို့ဒ်

ဟားလ်စီးတီး

ရှရူဘယ်ရီ (သို့) - ဝက်စ်ဟမ်း

မန်ယူ

Source  : wiki

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD