AD
AD
AD
play

 

ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်မှာ အနိုင်ရမယ့် လျှို့ဝှက်ချက်တစ်ခုကို အာဆင်နယ်အသင်း ကစားသမားဟောင်း သီယာရီအွန်နရီက ပြောကြားလိုက်ပါတယ်။ အွန်နရီက အာဆင်နယ်မှာ ကာလကြာရှည် ကစားဖူးသလို ဘာစီလိုနာမှာလည်း သုံးရာသီ ကစားဖူးခဲ့တဲ့ ကစားသမားဟောင်း ဖြစ်ပါတယ်။

play

 

အာဆင်အနေနဲ့ ဘာစီလိုနာကို အနိုင်ရချင်တယ်ဆိုရင် တိုက်စစ်ကစားဟန်ကို လျှော့ချပြီး ခံစစ်ကို အသေအချာ ပြုပြင်ဖို့ လိုကြောင်း သီယာရီအွန်နီရီက အကြံပြုထားပါတယ်။ ဘယ်အသင်းနဲ့တွေ့တွေ့ တိုက်စစ်ကစားဟန်ကို လက်ကိုင်ထားတဲ့ အာဆင်နယ်ရဲ့ ကစားဟန်ကို စွန့်လွှတ်ဖို့ လိုတယ်လို့ အွန်နရီက ပြောပါတယ်။ ဒါပေမယ့် အာစင်ဝင်းဂါးကတော့ တိုက်စစ်ကစားဟန်ကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ဘာစီိလိုနာနဲ့ တွေ့တဲ့အခါ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ဘောလုံးပိုင်ဆိုင်မှု ရမယ်ဆိုတာကို လက်ခံရမှာဖြစ်ကြောင်း အွန်နရီက တိုက်တွန်းပါတယ်။

play

 

 “ ဘာစီလိုနာနဲ့ ရင်ဆိုင်တဲ့အခါ ဘောလုံးပိုင်ဆိုင်မှု သုံးဆယ်ရာနှုန်းလောက်ပဲ ရမယ်ဆိုတာကိုတော့ လက်ခံထားဖို့ လိုပါတယ်။ ကစားသမားတွေအားလုံး ခံစစ်ကို အကောင်းဆုံးပြင်ဆင်ထားရမယ်လို့ ထင်တယ်။ ဘာစီလိုနာနဲ့ တွေ့ရတဲ့အခါ ဂိုးသွင်းခွင့်ရတာက ရှားရှားပါးပါးပဲလေ။ ဒါကြောင့် တိုက်စစ်အသားပေးတာကို ပြောင်းလဲဖို့လိုပါတယ်” လို့ အွန်နရီက မှတ်ချက်ပြုပါတယ်။

Source & Photos : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD