play

 

ဘာစီလိုနာအသင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရတာဟာ ဟားလ်စီးတီးအသင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတာထက် ပိုလွယ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်အစောပိုင်း(ယနေ့ည) မှာ ယှဉ်ပြိုင်ကြမှာပါ။

play

 

ဘာစီလိုနာနဲ့ပွဲမတိုင်ခင် အာဆင်နယ်က ဟားလ်စီးတီးအသင်းနဲ့ အက်ဖ်အေဖလားပွဲ ကစားခဲ့ရပြီး ဂိုးမရှိသရေကျခဲ့လို့ နောက်တစ်ပွဲ ထပ်ကစားရဦးမှာပါ။ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် အသင်းသားတွေကို စိတ်ဓာတ်တက်ကြွဖို့ စကားတွေ ပြောနေစရာမလိုဘဲ အလိုလို စိတ်ဓာတ်တက်ကြွ နေပြီးသားလို့ အာစင်ဝင်းဂါးက ပြောပါတယ်။ ဒါတင်မကသေးဘဲ ဘာစီလိုနာနဲ့ ကစားရမယ်ဆိုတဲ့ အသိရှိနေတဲ့အတွက် အာလုံးက ပြောစရာမလိုဘဲ အာရုံစိုက်ကြ တယ်လို့ ဆိုပါတယ်။

play

 

ဒါကြောင့် ဘာစီလိုနာနဲ့ပွဲအတွက် ပြင်ဆင်ရတာဟာ ဟားလ်စီးတီးကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ရတုန်းကထက် ပိုပြီး လွယ်ကူတယ်လို့ နည်းပြအာစင်ဝင်းဂါးက ပြောခဲ့တာပါ။ နောက်ဆုံးခြောက်နှစ်အတွင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တစ်ကြိမ်မှ မတက်နိုင်ခဲ့တဲ့ အစဉ်အလာ အာဆင်နယ်အသင်းမှာ ရှိနေပါတယ်။

Source : Mirror

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video