AD
AD
AD
play

 

ဘာစီလိုနာ တိုက်စစ်မှူးသုံးဦးဖြစ်တဲ့ ဆွာရက်ဇ်၊ မက်ဆီ၊ နေမာတို့ ဂိုးမသွင်းနိုင်အောင် တားဆီးနိုင်မယ့်နည်းလမ်း အာဆင်နယ်အသင်းမှာ ရှိတယ်လို့ နောက်ခံလူ ဂါဘရီရယ်က ပြောကြားလိုက်ပါတယ်။

play

 

ဒီကမ္ဘာ့အဆင့် တိုက်စစ်မှူး သုံးဦးကို ထိန်းချုပ်မယ့် နည်းစနစ်ကိုအသုံးပြုဖို့အတွက် သော့ ၇ ချောင်း လိုမှာဖြစ်ကြောင်း ဂါဘရီရယ်က ပြောပါတယ်။ ဒါပေမယ့် ပွဲမတိုင်ခင်တော့ ဒီနည်းလမ်းကို ပြောမပြနိုင်ဘူးလို့ ဆိုပြန်ပါတယ်။ “ ကျွန်တော်ဒါကို ပြောလိုက်မယ်ဆိုရင် အသင်းရဲ့ ကစားကွက်ကို ဖွင့်ချလိုက်သလို ဖြစ်သွားမှာပ့ါ။ သူတို့သုံးဦးကို တားဆီးရမယ့် နည်းလမ်းကိုတော့ သိထားပြီးပါပြီ။ ဒါပေမယ့် သူတို့ကို တားဆီးဖို့ လွယ်လွယ်နဲ့ ရမှာမဟုတ်ဘူးဆိုတာကိုတော့ သိပါတယ်” လို့ အဆိုပါနောက်ခံလူက ဆိုပါတယ်။

play

 

ဒါပေမယ့် ဘာစီလိုနာနဲ့ ပထမအကျော့ ကစားမယ့်ပွဲစဉ်မှာ ဂါဘရီရယ်ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ပါနိုင်မှာ မဟုတ်ပါဘူး။ တစ်ဖက်မှာ အိုဇေး၊ ပီတာဆက်ခ်ျနဲ့ ရမ်ဆေးတို့ကတော့ ဒီပွဲစဉ်မှာ ပါဝင်လာကြမှာ ဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD