AD
AD
AD
play

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အာဆင်နယ်အသင်းက အိမ်ကွင်းမှာတင် ဘာစီလိုနာကို အရှုံးပေးလိုက်ရပါတယ်။ ဘာစီလိုနာ ကြယ်ပွင့်ကစားသမား မက်ဆီရဲ့ ဒုတိယပိုင်းနောက်ကျသွင်းဂိုးတွေနဲ့ ရှုံးသွားခဲ့တာပါ။

play

 

တိုက်စစ်မှူး ဂျီရော့ဒ်ကို မြှားဦးမှာ အထောင်ထားပြီးအာဆင်နယ်က ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်ပါတယ်။ ဘာစီလိုနာကတော့ ထုံးစံအတိုင်း နေမာ၊ မက်ဆီ၊ ဆွာရက်ဇ် သုံးဦးနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဘာစီလိုနာဟာ အာဆင်နယ်ကို ရင်ဆိုင်ရာမှာ စိတ်ရှည်ရှည်ထား ကစားခဲ့ပြီး အခြားပွဲတွေလို တရစပ်ဖိအားပေးဖို့ မကြိုးစားခဲ့တာ တွေ့ရပါတယ်။

play

 

အာဆင်နယ်က တန်ပြန်တိုက်စစ်စောင့်ပြီး ကစားခဲ့ရတယ်ဆိုပေမယ့် ပထမပိုင်းမှာ ဂိုးရလုနီးနီး အခွင့်အရေးတွေ နှစ်ကြိမ်ထက် မနည်းရခဲ့ပါသေးတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဆွာရက်ဇ်ရဲ့ အပိုင်အခွင့်အရေး ရပေမယ့် လွဲချော်လို့ ဂိုးမရှိသရေသာ ဖြစ်နေခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ ချိန်ဘာလိန်အစား ဝါးလ်ကော့ဝင်ရောက်လာပါတယ်။ ဧည့်သည်ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၇၁ မိနစ်မှာ ရပါတယ်။ ဂိုးရဖို့ အာဆင်နယ်တစ်သင်းလုံးနီးပါး ရှေ့တက်ပြီး ဖိအားပေးမိလိုက်တဲ့ အချိန်မှာ ဘာစီလိုနာ တန်ပြန်တိုက်စစ် ကစားခွင့်ရသွားပါတယ်။ ရာကီတစ်က နေမာကို ဘောလုံးထိုးပေးလိုက်ပြီး နေမာက မက်ဆီထံကို ဘောလုံးအရောက်ပို့ပေးနိုင်ခဲ့ပါတယ်။ မက်ဆီက ပီတာဆက်ခ်ျနဲ့ တစ်ယောက်ချင်းအတွေ့ မလွဲအောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

play

play

 

၈၃ မိနစ်မှာ ဘာစီလိုနာ ပင်နယ်တီ ရပြန်ပါတယ်။ ကိုကွီလင်းအတွက် လူစားဝင်လာတဲ့ ဖလာမီနီက မက်ဆီကို ပြစ်ဒဏ်ကျူးလွန်လိုက်လို့ ပင်နယ်တီပေးရပြီး မက်ဆီပဲ ကန်သွင်းယူခဲ့ပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို သွင်းတဲ့ဂိုး ရှစ်ဂိုးရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဂိုသမား ပီတာဆက်ခ်ျကို မက်ဆီ ဂိုးမသွင်းနိုင်သေးဘူးဆိုတဲ့ စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ပါတယ်။

play

 

အိမ်ကွင်းမှာ နှစ်ဂိုးပြတ်ရှုံးသွားပြီဖြစ်တဲ့အတွက် အာဆင်နယ်ဟာ နောက်တဆင့်တက်ဖို့အတွက် မလွယ်ကူတော့ပါဘူး။

Source : UEFA

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD