AD
AD
AD
play

 

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုမှာ မက်ဆီ့ကို မယှဉ်နိုင်ပေမယ့် အင်တာနက် လူမှုကွန်ယက်မှာတော့ ရီးရ်ဲမက်ဒရစ် ကြယ်ပွင့် ရော်နယ်ဒိုက နံပတ်-၁ ဖြစ်ပါတယ်။ အခုလည်း လူမှုကွန်ယက် အင်တာနက်မှာ ပရိသတ် သန်း ၂၀၀ ပြည့်တဲ့ ပထမဆုံး အားကစားသမားက ရော်နယ်ဒို ဖြစ်လာခဲ့ပါပြီ။

play

 

လူသုံးအများဆုံး လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ အင်စတာဂရမ် သုံးခုပေါင်းမှာ ရော်နယ်ဒို account ကို နှစ်သက်သူ သန်း ၂၀၀ အထိရှိလာတာပါ။ ဖေ့စ်ဘွတ်မှာ ရော်နယ်ဒိုကို နှစ်သက်သူ ၁၀၉.၇ သန်းအထိရှိပါတယ်။ အင်စတာဂရမ်မှာ ၄၉.၆ သန်း ရှိပြီး တွစ်တာမှာ ၄၀.၇ သန်း ရှိပါတယ်။ ရော်နယ်ဒိုရဲ့ ပြိုင်ဘက်မက်ဆီက အင်တာနက်မှာ ပရိသတ်စုစုပေါင်း သန်း ၁၂၀ ပဲရှိပါသေးတယ်။ ဒါပေမဲ့ မက်ဆီက တွစ်တာအသုံးပြုခြင်း မရှိပါဘူး။

play

 

ရော်နယ်ဒိုရဲ့ အင်တာနက်ပရိသတ် စုစုပေါင်းဟာ NBA နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်၊ ကိုဘီဘရိုင်ယန်၊ လီဘရွန်ဂျိမ်းစ်၊ ကီဗင်ဒူးရန့်၊ စတိဗ်ကာရီတို့ အားလုံးပေါင်း ပရိသတ်ထက်တောင် များနေပါတယ်။ ရော်နယ်ဒိုရဲ့ လူမှုကွန်ယက် account တွေမှာ ပရိသတ် ၁၃၅,၀၀၀ လောက် နေ့စဉ် တိုးပွားလျှက်ရှိပါတယ်။

Source : Goal

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD