AD
AD
AD
play

 

ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို မန်ယူအသင်းနည်းပြအဖြစ် ပရိသတ်တွေက မြင်ချင်နေကြပေမယ့် မော်ရင်ဟို ရောက်လာမစေချင်သူတစ်ဦးရှိနေပါတယ်။ ဗြိတိန်သတင်းတစ်ရပ်ရဲ့ အဆိုအရ အသင်းနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က မော်ရင်ဟိုကို အိုးထရက်ဖို့ဒ်ကွင်းဆီ ရောက်မလာစေချင် ဖြစ်နေတယ်လို့ သိရပါတယ်။

play

 

မန်ယူအသင်းကို ၂၇ နှစ်ကြာကိုင်တွယ်ခဲ့တဲ့ ဆာအဲလက်စ်က လက်ရှိမှာ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် အမှုဆောင်ချုပ်ဟောင်း ဒေးဗစ်ဂီးလ်၊ ဘော်ဘီချာတန်တို့နဲ့ အတူရှိနေပါတယ်။ ဒါပေမယ့် သတင်းမီဒီယာတွေ အားလုံးရဲ့ စုံစမ်းရေးသားမှုအရ မော်ရင်ဟိုဟာ ရာသီကုန်ရင် မန်ယူကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရခဲ့ပြီးသူ ဖြစ်နေပါတယ်။

play

 

မန်ယူအသင်း ပရိသတ်အချို့ ကိုယ်တိုင်ကလည်း နည်းပြဗန်ဟားလ်နဲ့ လမ်းခွဲပြီး မော်ရင်ဟိုကို အမြန်ဆုံးခန့်အပ်ဖို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ တိုက်တွန်းရေးသားကြပါတယ်။ ဒါပေမယ့် ဗန်ဟားလ် လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရိုင်ယန်ဂစ်လည်း အသင်းနည်းပြချုပ် အဖြစ်တစ်ချိန်မှာ မြင်တွေ့ရဖွယ်ရှိပါတယ်။

Source : Givemesports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD