play

 

အီတလီလက်ရွေးစင်အသင်းနည်းပြကွန်တီဟာ ဒီတစ်ပတ်အတွင်း လန်ဒန်ကို ရောက်လာပြီး ချယ်လ်ဆီးအသင်းနဲ့ အပြီးသတ်ဆွေးနွေးမယ်လို့ Daily Mail သတင်းစာက ဖော်ပြပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ခေါ်ယူမယ့် ကစားသမားသစ်စာရင်းကိုတောင် ကွန်တီပြင်ဆင်ထားပြီပြီလို့ အဆိုပါ သတင်းက ဆိုပါတယ်။

play

 

ဒီရက်သတ္တပတ် မကုန်ဆုံးခင်မှာပဲ နည်းပြကွန်တီနဲ့ ချယ်လ်ဆီး အသင်းအကြား သဘောတူညီမှု ရဖို့ ရှိနေပါတယ်။ နည်းပြကွန်တီဘက်က ချယ်လ်ဆီးအသင်းနဲ့ သုံးနှစ်စာချုပ်ချုပ်ပြီး တစ်နှစ်လုပ်ခလစာ ပေါင် ခြောက်သန်းရဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။ အသင်းနဲ့ စာချုပ်ကိစ္စ သဘောတူညီမှု ရသွားတဲ့အခါ ရိုးမားအသင်းကစားသမား နိုင်ဂိုလန်နဲ့ ဂျူဗင်တပ်ကစားသမား ပေါ့ဘာတို့ကိုခေါ်ယူပေးဖို့လည်း နည်းပြကွန်တီဘက်က တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

play

play

 

အခြားသတင်းတစ်ရပ်ရဲ့ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းပိုင်ရှင် အီဗရာဟီမိုဗစ်ခ်ျဘက်ကလည်း နွေရာသီမှာ ကစားသမားအင်အားဖြည့်တင်းဖို့အတွက် ပေါင်သန်း ၁၃၀ အသုံးပြုဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

Source : Givemesports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video