play

 

လီဗာပူးနည်းပြဟောင်း ဘရန်ဒန်ရော်ဂျာရဲ့ ရိုမန့်တစ်ဇာတ်လမ်းတစ်ပုဒ်ကို နယူးယော့ခ်မြို့လယ်က တိုင်းမ်စကွဲမှာ တွေ့ခဲ့ကြပါတယ်။ ချစ်သူမိန်းကလေးဖြစ်တဲ့ ရှားလော့ရှားကို လူအများရှေ့မှာ ဒူးထောက်ပြီး လက်စွပ်နဲ့ လက်ထပ်ခွင့် တောင်းလိုက်တာဖြစ်ပါတယ်။

play

 

လီဗာပူးနည်းပြဟောင်း ရော်ဂျာက ဇနီးဟောင်းဖြစ်သူ စူဇန်နဲ့ ၂၀၁၅ ဒီဇင်ဘာမှာ ကွာရှင်းခဲ့တာဖြစ်ပြီး ၆၈ ရက်အကြာမှာ ချစ်သူမိန်းကလေးသစ် ရှားကို လက်စွပ်နဲ့ချစ်ခွင့်ပန်ခဲ့တာပါ။ ရုပ်ရှင်တွေထဲကလိုပဲ တိုင်းမ်စကွဲအလယ်မှာ ရှိနေတဲ့ ရော်ဂျာက ရှားရဲ့ ရှေ့မှာ ဒူးတစ်ဖက်ကိုထောက် လက်စွပ်ဘူးကို ဖွင့်ပြီး ရိုမန်တစ် ဆန်ပြလိုက်တာပါ။

play

 

နည်းပြဟောင်းရော်ဂျာနဲ့ အခုချစ်သူဖြစ်သူ ရှားက လီဗာပူးမှာပဲတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ရှားလော့ရှားဟာ လီဗာပူးအသင်းရဲ့ ခရီးစဉ်တွေကို တာဝန်ယူပေးထားရသူပါ။ ရော်ဂျာက ဒီရာသီမှာ အသင်းအချို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ရှားရဲ့အနားမှာပဲ အချိန်ကုန်နေသူဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video