AD
AD
AD
play

 

ကမ္ဘာကျော်ဘောလုံးသမား မက်ဆီရဲ့ အာဂျင်တီးနားအင်္ကျီပုံစံအတိုင်း ပလပ်စတစ်အိတ်ကို ဝတ်ထားတဲ့ ကောင်လေးရဲ့ အိပ်မက်ဟာ နောက်ဆုံးတော့ တကယ်ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ စံပြဘောလုံးသမား ဖြစ်တဲ့ မက်ဆီကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ အာဂျင်တီးနား အင်္ကျီတစ်ထည်ဟာ အာဖဂန်နစ္စတန်က အဆိုပါ လူငယ်လေးဆီ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

play

 

အဖြူနဲ့ အပြာစင်းကျားပါတဲ့ ပလပ်စတစ်အိတ်မှာ မက်ဆီဆိုတဲ့နာမည်ကို ဘောပင်နဲ့ ရေးထိုးထားပြီး ဝတ်ထားတဲ့ အဆိုပါ ကလေးငယ်ရဲ့ ဓာတ်ပုံဟာ အင်တာနက်လူမှုကွန်ရက်မှာအတော်ကို ရေပန်းစားခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ မက်ဆီနဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့် မက်ဆီကိုယ်တိုင် အဆိုပါကလေးငယ်ကို အင်္ကျီတစ်ထည် လက်ဆောင်ပို့ပေးဖို့ စီစဉ်ခဲ့တာပါ။

play

 

“မက်ဆီက ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ စာကို အင်္ကျီမှာ ရေးပြီးပို့ပေးတာပါ။ ကျွန်တော် မက်ဆီ့ကို ချစ်ပါတယ်” လို့ မာတာဇာလို့ အမည်ရတဲ့ အဆိုပါကလေးငယ်က ပြောခဲ့ပါတယ်။

Source & Photos : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD