play

 

ယူရိုပါလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ မန်ယူအသင်းက ဒိန်းမတ်အသင်း မစ်ဂျီလန်းကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ မန်ယူအသင်း တောင်ပံတိုက်စစ်မှူး ဒီပေးရဲ့ ခြေစွမ်းလည်း ဒီပွဲမှာ ပေါ်လွင်ခဲ့ပါတယ်။

play

 

ဒဏ်ရာရ ကစားသမားတွေများနေတဲ့ မန်ယူက ဒီပွဲမှာ ဗာရီလာနဲ့ ရီလေးတို့လို ကစားသမားတွေကို ပွဲထုတ်ခံရတဲ့အပြင် ရက်ရှ်ဖို့ဒ်တို့လို ကစးသမားတွေလည်း အသင်းကြီး အတွက်ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ပွဲအစ ခရာမှုတ်ကတည်းက မန်ယူ အချိန်ပြည့်တိုက်စစ်ဆင်ခဲ့ပြီး ဒီပေးရဲ့ ထိုးဖောက်ချက်တွေက မစ်ဂျီလန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။

play

 

ဒါပေမဲ့ ဂိုးစရသွားတာကတော့ ဧည့်သည်မစ်ဂျီလန်းအသင်းပါ။ ပွဲချိန်၂၇ မိနစ်အရောက် ဂိုးဧရိယာထိပ်မှာ ဘောလုံးရတာကနေ တစ်ဆင့် ဘလင်းနဲ့ ကာရစ်တို့ကိုကျော်ဖြတ်ပြီး ဆစ္စတိုက သွင်းယူလိုက်တာဖြစ်ပါတယ်။ ၃၂ မိနစ်အရောက်မှာ ဒီပေးရဲ့ တိုက်စစ်ဆင်မှုကို မစ်ဂျီလန်းနောက်ခံကစားသမား ဘိုဒူရော့ဗ် ကိုယ့်ဂိုးကိုယ် သွင်းမိလိုက်တဲ့အတွက် မန်ယူ ချေပဂိုးရပါတယ်။

play

 

 ၄၂ မိနစ်မှာ ဟာရဲယားကို အဖျက်ကြမ်းတဲ့အတွက် မစ်ဂျီလန်းနောက်ခံလူ ရုန်မာ အဝါကတ်ပြခံရပြီး မန်ယူပင်နယ်တီ ကန်ခွင့်ရခဲ့ပေမဲ့ မာတာ ဝင်အောင် မကန်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း ပြန်စတော့လည်း ပွဲစကတည်းက မနားတမ်းတိုက်စစ်ဆင်ခဲ့တဲ့ မန်ယူ ၆၃ မိနစ်မှာ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ မာတာရဲ့ ပေးပို့မှုကို ရက်ရှ်ဖို့ဒ်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာပါ။

play

 

မစ်ဂျီလန်းအသင်းဖွင့်ကစားလိုက်တဲ့အတွက် မန်ယူအကြိုက်ပိုဖြစ်သွားခဲ့ပြီး အားနည်းနေတဲ့ နောက်ခံညာခြမ်းကို ဒီပေးရဲ့ ခြေစွမ်းအားကိုးနဲ့ ပိုပြီးထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒုတိယဂိုးမှာလည်း မာတာနဲ့ ဗာရီလာတွဲလုံးကတစ်ဆင့် ရက်ရှ်ဖို့ဒ်ပဲ နောက်တစ်ဂိုး ထပ်ရသွားခဲ့ပါတယ်။ ၈၉ မိနစ်မှာ မစ်ဂျီလန်းနောက်ခံလူ ရုန်မာနှစ်ဝါတစ်နီနဲ့ အထုတ်ခံရပါတယ်။

play

 

၈၇ မိနစ်မှာ လက်ထိဘောကြောင့် မစ်ဂျီလန်းနောက်ထပ် ပင်နယ်တီ ထပ်ပေးရပြီး ဒီပင်နယ်တီကိုတော့ ဟာရဲယားဝင်အောင် ကန်သွင်းခဲ့ပါတယ်။ မိနစ် ၉၀ အရောက်မှာ ဒီပေးက တောက်လျှောက်ဘောလုံး ဆွဲလာပြီး ဂိုးဧရိယာအစပ်ကနေ ကန်သွင်းလိုက်လို့ အသင်းအတွက် ငါးဂိုးမြောက်ဂိုး ထပ်ရခဲ့ပါတယ်။

play

 

ပွဲပြီးချိန်မှာတော့ မန်ယူက နှစ်ကျော့ပေါင်းရလဒ် ၆-၃ ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

Source : flashscore

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video