AD
AD
AD
play

 

ချယ်လ်ဆီးအသင်းနဲ့ နည်းပြသစ်ဖြစ်လာမယ့် အန်တိုနီယိုကွန်တီတို့အကြား စာချုပ်အပြီးသတ် ဆွေးနွေးမှုဟာ ဆယ်ရက်အတွင်း အပြီးသတ်မယ်လို့ အီတလီသတင်းစာတစ်စောင်က ဖော်ပြပါတယ်။ အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွန်တီက ဒီရက်ပိုင်းအတွင်းမှာပဲ ချယ်လ်ဆီးဒါရိုက်တာအဖွဲ့နဲ့ တွေ့ဆုံရမှာပါ။

play

 

လာမယ်ဆယ်ရက်အတွင်းမှာ ချယ်လ်ဆီးနဲ့ ကွန်တီအကြား သုံးနှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုမယ်လို့ ဆိုပါတယ်။ နည်းပြကွန်တီက အခုလက်ရှိမှာ အီတလီလက်ရွေးစင်အသင်ကို ကိုင်တွယ်နေဆဲ ဖြစ်ပါတယ်။ လာမယ့် ဇွန်လအတွင်း ပြင်သစ်မှာ ကျင်းပမယ့် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာ အီတလီကို အောင်မြင်မှုရအောင် ကွန်တီက ကိုင်တွယ်ပေးရဦးမှာပါ။

ဒီပြိုင်ပွဲပြီးမှသာ ချယ်လ်ဆီးနဲ့ ကွန်တီလက်တွဲနိုင်မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အသလက်တီကို နည်းပြဆီမြွန်နီကို အရင်ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Source : Givemesports

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD