AD
AD
AD
play

 

ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်မှာ ပထမအကျော့ ရှုံးပွဲတွေ့ခဲ့ပြီးတဲ့နောက် အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် အနာဂတ်ဟာ မရေမရာ ဖြစ်သွားခဲ့ပါပြီ။ ပွဲအပြီးမှာ အာဆင်နယ်ကစားသမားတွေကို နုံအလွန်းတယ်လို့ အာစင်ဝင်းဂါးက ဝေဖန်ခဲ့ပေမဲ့လည်း တကယ်တမ်းမှာတော့ ပရိသတ်တွေကလည်း ဒီရလဒ်အပေါ် သိပ်အံ့သြတကြီး မရှိခဲ့ကြပါဘူး။

အကြောင်းကတော့ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတဲ့အခါ အာဆင်နယ်အတွက် ရလဒ်ကောင်းဖို့မလွယ်ဘူးဆိုတာ ကြိုတွက်ထားခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ နည်းပြအာစင်ဝင်းဂါးရဲ့ အမှားတချို့ပေါ်ပြီး ပေါ်လွင်လာပါတယ်။

ဒီအချိန်ထိ နည်းပြအာစင်ဝင်းဂါး မှားနေဆဲဖြစ်တဲ့ အမှား (၅) ခုရှိပါတယ်။

၁။ တိုက်စစ်အသားပေးလွန်းခြင်း

play

 

ဘယ်အသင်းနဲ့ပဲတွေ့တွေ့ တိုက်စစ်ပဲ အသားပေး ကစားရမယ်ဆိုတဲ့ နည်းပြအာစင်ဝင်းဂါးရဲ့ နည်းစနစ်ဟာ ချန်ပီယံလိဂ်မှာတော့ အလွဲကြီးလွဲပါတယ်။ မနှစ်ကလည်း မိုနာကိုအသင်းကို အိမ်ကွင်းမှာ မလိုအပ်ဘဲ တိုက်စစ် အသားပေးပြီး ကစားမိခဲ့လို့ တန်ပြန်တိုက်စစ်မိပြီး ၃-၁ ဂိုးနဲ့ အရှုံးပေးရဖူးပါတယ်။ အခုဘာစီလိုနာနဲ့ နောက်ဆုံး ပွဲမှာလည်း ပထမပိုင်း ခံစစ်အသားပေးခဲ့ ကစားခဲ့လို့ ဂိုးမပေးရခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ တိုက်စစ်ပိုဖွင့်လိုက်တဲ့အတွက် ဂိုးပေးလိုက်ရတာ တွေ့ကြမှာပါ။

၂။ အရေးကြီးပွဲများတွင် မာတီဆက်ကာကို အသုံးပြုခြင်း

play

 

မာတီဆက်ကာရဲ့ လျှင်မြန်မှုဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်ဆိုတာ အားလုံးသိကြပြီးသားပါ။ ချယ်လ်ဆီးနဲ့ ပွဲမှာလည်း အမှားလုပ်မိပြီးအနီကတ်နဲ့ အထုတ်ခံရပါတယ်။ ဘာစီလိုနာနဲ့ ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့ပြန်ပါဘူး။ မာတီဆက်ကာနေရာမှာ အစားထိုးနိုင်တဲ့ ဂါဘရီရယ် ဒဏ်ရာရနေခဲ့တာကလည်း အာစင်ဝင်းဂါးရဲ့ ကံဆိုးမှု တစ်ခု ဖြစ်ပါတယ်။ လျှင်မြန်တဲ့ တိုက်စစ်မျိုးဆိုရင် မာတီဆက်ကာထက် ဂါဘရီရယ်က ပိုသင့်တော်ပါတယ်။

၃။ လူစားလဲ မှားနေခြင်း

play

 

ဘာစီလိုနာနဲ့ပွဲမှာ ကိုကွီလင်းနေရာ ဖလာမီနီဝင်လာပြီး ၄၇ စက္ကန့်အကြာမှာပဲ ပင်နယ်တီပေးလိုက်ရပါတယ်။ လူစားဝင်လာသူ ဖလာမီနီက မက်ဆီကို အဖျက်ကြမ်းလိုက်လို့ ပေးလိုက်ရတဲ့ ပင်နယ်တီပါ။ ဒီလို လူစားလဲ မှားယွင်းမှုမျိုးတွေဟာ မကြာခဏဖြစ်နေဆဲပါ။

၎။ ကစားသမားများကို အနားမပေးခြင်း

play

 

အသင်းရဲ့ အဓိက ကစားသမားတွေကို အနားမပေးတာလည်း ဆိုးရွားလှပါတယ်။ ဆန်းချက်ဇ်နဲ့ အိုဇေးတို့လို ကစားသမားတွေဟာ ဒီရာသီမှာလည်း နားရတဲ့ပွဲဆိုတာ မရှိသလောက်ပါ။ ဒဏ်ရာရမှသာ အနားရကြတာပါ။

၅။ ကစားသမားသစ် အားမဖြည့်ခြင်း

play

 

ကစားသမားသစ် ဝယ်ရမှာ လက်တွန့်တတ်တဲ့ အာစင်ဝင်းဂါးရဲ့ စနစ်ကြောင့် အာဆင်နယ်ရဲ့ လူအင်အားဟာ ဘယ်တော့မှ မတောင့်တင်းပဲ ဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ သြဂုတ်လ အပြောင်းအရွှေ့ကာလနဲ့ ၂၀၁၆ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ်က ကစားသမားနှစ်ယောက်ပဲ ဝယ်ပါတယ်။ ဂိုးသမား ပီတာဆက်ခ်ျနဲ့ အီဂျစ်ကစားသမား မိုဟာမက်အယ်လ်နန်နီတို့ နှစ်ယောက်ကို ခေါ်ခဲ့တာပါ။ ထိပ်သီး ကစားသမား နောက်ထပ် တစ်ဦး (သို့မဟုတ်) နှစ်ဦး ဝယ်ခဲ့ရင် ဒီလိုစိုးရိမ်နေရမှာ မဟုတ်ပါဘူး။

Source : Metro

Photos : Daily Mail/ Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD