AD
AD
AD
play

 

လာမယ့် ရာသီမှာ အာဆင်နယ်အသင်းက  တိုက်စစ်မှူးဂျီရော့ဒ်နေရာ အစားထိုးဖို့  ထိပ်သီးတိုက်စစ်မှူး သုံးဦးကို ချဉ်းကပ်နေတယ်လို့ စပိန်အားကစားသတင်းထောက်တစ်ဦးရဲ့ သတင်းကို ကိုးကားပြီး ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြပါတယ်။

play

 

တိုက်စစ်မှူး ဂျီရော့ဒ်က ဒီရာသီ ခြေစွမ်းပြဖို့ခက်ခဲနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ရှစ်ပွဲမှာ တစ်ပွဲမှ မသွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဂျီရော့ဒ်နေရာမှာ အစားထိုးဖို့အတွက် အာစင်ဝင်းဂါးက ဒေါ့မွန်ကစားသမား အော့ဘာမီယန်း၊ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်နဲ့ ရီးရဲလ်မက်ဒစ်တိုက်စစ်မှူး ဘန်ဇီမားတို့ကို ချဉ်းကပ်နေတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာကို ရှုံးခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ထိပ်သီးတိုက်စစ်မှူး မရှိတဲ့ အားနည်းချက်က ပိုပြီး သိသာပေါ်လွင်ခဲ့ပါတယ်။ ရေပန်းအစားဆုံးက ဒေါ့မွန်တိုက်စစ်ကစားသမား အော့ဘာမီယန်းဖြစ်ပါတယ်။ အော့ဘာမီယန်းကို အခြားသော ထိပ်သီးအသင်းတွေကလည်း အလိုရှိနေပါတယ်။

Source & Photos : caughtoffside

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD