AD
AD
AD
play


ဖီဖာရဲ့ သက်တော်ရှည် ဥက္ကဋ္ဌဖြစ်ခဲ့သူ ဆပ်ဘလတ္တတာနဲ့ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ မိုက်ကယ် ပလာတီနီတို့ကို ဘောလုံးနဲ့ပတ်သက်ပြီး ပါဝင်ဆောင်ရွက်ခွင့် ၆ နှစ်ကြာ ပိတ်ပင်မယ့်အစား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် ချမှတ်သင့်ကြောင်း အာဂျင်တီးနား ဂန္တဝင် ဘောလုံးကစားသမား ဒီယေဂို မာရာဒိုနာက တိုက်တွန်းလိုက်ပါတယ်။

play


ဘလတ္တာနဲ့ ပလာတီနီတို့ နှစ်ဦးကို မူလက ဘောလုံးနဲ့ ပတ်သက်ပြီး ပါဝင်ဆောင်ရွက်ခွင့် ၈ နှစ်ကြာ ပိတ်ပင်ခဲ့တာဖြစ်ပေမယ့် ယခု သီတင်းပတ်အတွင်း ၆ နှစ်ကြာ ပိတ်ပင်မှုအဖြစ် လျှော့ချခဲ့ပါတယ်။

play


၂၀၁၁ ခုနှစ်အတွင်း ဘလတ္တာက ပလာတီနီကို မလျော်ကန်တဲ့ ငွေကြေး အမေရိကန်ဒေါ်လာ ၂ သန်းကျော် ပေးအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဖီဖာက ဆိုပါတယ်။ ဘလတ္တာနဲ့ ပလာတီနီတို့ကတော့ ဖီဖာရဲ့ စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

play


ဖီဖာရာထူးနေရာကို မလျော်ကန်တဲ့ ဆောင်ရွက်မှုတွေနဲ့ နှစ်ပေါင်းများစွာ အပိုင်သိမ်းထားခဲ့ကြောင်း သက်သေအထောက်အထား အများအပြား တွေ့ရှိခဲ့ရတာကြောင့် ၎င်းတို့နှစ်ဦးလုံးကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချသင့်ကြောင်း မာရာဒိုနာက ပြောပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD