AD
AD
AD
play

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကသစ်ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ယူအီးအက်ဖ်အေအတွင်းရေးမှူး အင်ဖာတီနိုက ဘောလုံးလောကအတွက် ဝမ်းနည်းစရာ ကိစ္စတွေကျန်ခဲ့ပြီလို့ ကြွေးကြော်လိုက်ပါတယ်။ ဥက္ကဌဟောင်း ဘလတ္တာနဲ့ ယူအီးအက်ဖ်အေ ဥက္ကဌတို့ကတော့ ရွေးကောက်ပွဲမှာ မပါနိုင်ခဲ့ကြပါဘူး။

play
ရွေးကောက်ပွဲတွင် တွေ့ရသည့် ဖီဖာဥက္ကဌဖြစ်လာသူ အင်ဖာတီနိုနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်

 

ဖီဖာဥက္ကဌရွေးကောက်ပွဲအတွက် လေးဦးယှဉ်ပြိုင်ခဲ့ရာမှာ အင်ဖာတီနိုက မဲအများဆုံး ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အနီးဆုံးပြိုင်ဘက် အီဘရာဟင်အယ်လ်ခါလီဖာထက် ၂၇ မဲ ပိုများပြီး စုစုပေါင်း ၁၁၅ မဲရခဲ့တာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက မင်းသား အလီဟူစိန်ကတော့ လေးမဲသာရပါတယ်။ အရင်အတွင်းရေးမှူးဟော်း ဂျရယ်မီချမ်ပေ့ခ်ျက တစ်မဲမှ မရခဲ့ပါဘူး။

play

 

ဖီဖာဥက္ကဌအနေနဲ့ ပထမဆုံးလုပ်မယ့်ခြေလှမ်းက  ကမ္ဘာ့ဖလားကို ၃၂ သင်းကနေ အသင်း ၄၀ အထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရရေးဖြစ်တယ်လို့ အင်ဖာတီနိုက ပြောပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဘောလုံးလောက်အတွင်း အကျင့်ပျက်ခြစားမှု၊ လုပ်ပွဲအရှုပ်တော်ပုံ စတဲ့ဝမ်းနည်းစရာ၊ အကျပ်အတည်းတွေကို ကျော်လွန်နိုင်ခဲ့ပြီလို့ အင်ဖာတီနိုက ပြောပါတယ်။

Source : BBC

Photos : BBC/ MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD