ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာ မန်ယူနဲ့တွေ့ဆုံရမယ့်လို့ ပွဲစဉ်ထွက်လာပြီးတဲ့နောက်မှာ လက်မှတ်ခတွေ ဈေးတက်လိုက်တဲ့အတွက် အသင်းပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ရပါတယ်။ ဒါပေမယ့် နာရီပိုင်းအတွင်းမှာပဲ လက်မှတ်ခဈေးနှုန်းတွေကို ပြန်လည်ပြင်ဆင်ပြီး လီဗာပူးအသင်းဘက်က တောင်းပန်လိုက်ရပါတယ်။
မန်ယူအသင်းနဲ့ အိမ်ကွင်းမှာ ပထမအကျော့ကစားရမယ့် ပွဲစဉ်အတွက် လက်မှတ်တစ်စောင်တန်ဖိုးကို အနည်းဆုံး စတာလင်ပေါင် ၅၉ ပေါင်ကစပြီး သတ်မှတ်လိုက်တဲ့အတွက် ပရိသတ်တွေ ဒေါသထွက်ခဲ့ကြတာပါ။ ဒီဈေးနှုန်းဟာ အော့စဘတ်နဲ့ ရှုံးထွက်အဆင့်မှာ ကစားခဲ့တဲ့ ပွဲစဉ် လက်မှတ်ဈေးနှုန်းရဲ့ နှစ်ဆနီးနီး ဖြစ်နေပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာပဲ လီဗာပူးကက လက်မှတ်ဈေးနှုန်းတွေ တက်လိုက်လို့ ပရိသတ်တွေ ဆန္ဒပြခဲ့ကြပါသေးတယ်။
ဒါပေမယ့် လက်မှတ်စရောင်းပြီး နာရီပိုင်းအတွင်းမှာပဲ လက်မှတ်ခ ဈေးနှုန်းတွေကို အနည်းဆုံး စတာလင်ပေါင် ၂၅ ပေါင်ကနေ ၃၅ ပေါင်အကြား သတ်မှတ်လိုက်ရပါတယ်။ ကလပ်အသင်းဘက်ကဟာ ဒါဟာ မှားယွင်းလွဲချော်သွားမှု တစ်ခုသာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။
Source : ESPN
Photos : Daily Mail