play

 

တနင်္ဂနွေနေ့မှာ မန်ယူနဲ့ တွေဆုံရမယ့်ပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက် ချန်ပီယံဖြစ်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲစဉ်ဖြစ်တယ်လို့  နည်းပြအာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ အဖြစ် အိုးထရက်ဖို့ဒ်ကွင်းမှာ အာဆင်နယ်အသင်း သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်မှာ အဆင့်-၂ နေရာ ရောက်ရှိနေပြီး ထိပ်ဆုံးက လက်စတာ အသင်းနဲ့ ၂ မှတ်ကွာဟာ နေပါတယ်။ မန်ယူအသင်းက အဆင့်လေး နေရာက မန်စီးတီးနဲ့ ခြောက်မှတ်အကွာ အဆင့်-၅ နေရာမှာ ရပ်တည်နေရတာပါ။ ၁၉၉၈ တုန်းက အိုးထရက်ဖို့ဒ်မှာ ဒီလိုအချိန် အနိုင်ရပြီး ရာသီသိမ်းချိန်မှာ အခြေအနေ ကောင်းခဲ့သလို ၂၀၀၂ တုန်းကလည်း အိုးထရက်ဖို့ဒ်မှာ နိုင်ခဲ့ပြီးတဲ့နောက် အာဆင်နယ်အတွက်ဖလားရတဲ့ အထိ အောင်မြင်ခဲ့ဖူးပါတယ်။

play

 

အဲဒီလို အာဆင်နယ်အသင်းအတွက် အဆုံးအဖြတ်ပွဲစဉ်မျိုး အခု မန်ယူနဲ့ပွဲမှာလည်း ရင်ဆိုင်ရဦးမှာဖြစ်ကြောင်း ဝင်းဂါက ပြောပါတယ်။ “ ၂၀၀၂ တုန်းကဆိုရင်လည်း မန်ယူကွင်းမှာ နိုင်ပြီဆိုရင် ကျွန်တော်တို့ဖလားရပြီဆိုတာ သိနေခဲ့တယ်။ အခုလည်း အဆုံးအဖြတ်ပေးမယ့် ပွဲဖြစ်လာနိုင်ပါတယ်” လို့ အာဆင်နယ်မန်နေဂျာက ပြောပါတယ်။

Source : NBC

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video