AD
AD
AD
play

 

ဖာဘရီဂတ်စ်ရဲ့ ချေပဂိုးနဲ့ အိုင်ဗန်နိုဗစ်ခ်ျရဲ့ ခေါင်းတိုက်ဂိုးကြောင့် ချလ်ဆီးအသင်း ရှုံးပွဲတွေ့မယ့်ဘေးက လွတ်ခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ ဂိုးမပေးရတဲ့စံချိန်ဟာ ၁၀ နာရီနဲ့ ၂၉ မိနစ်အရောက်မှာ ပျက်သွားခဲ့ပါတယ်။

အိမ်ရှင်ဆောက်သမ်တန်အသင်းဘက်က တိုက်စစ်မှူး ပယ်လီကို အရန်စာရင်းမှာပဲ ထည့်ထားခဲ့ပြီး ဇန်နဝါရီကမှ ခေါ်ထားတဲ့ ကျူပီအာတိုက်စစ်မှူးဟောင်း အော်စတင်ကို ပွဲထွက်စေခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ တိုက်စစ်မှာ ကော်စတာ၊ ကွင်းလယ်မှာ ပက်ဒရို၊ ဟာဇက်၊ ဝီလျံတို့ ထည့်ကစားခဲ့တာပါ။

play

 

ပွဲချိန် ငါးမိနစ်အရောက်မှာတင် ကွင်းလယ်တိုက်စစ်ကစားသမား ပက်ဒရို ဒဏ်ရာသွားတဲ့အတွက် အော်စကာကို လူစားဝင်ခိုင်းလိုက်ရပါတယ်။ ပွဲစအပိုင်းမှာ ဆောက်သမ်တန်ခံစစ်ဘာအမှားမှ မရှိခဲ့သလို ချယ်လ်ဆီးတိုက်စစ်ကလည်း သိပ်မလုပ်မဖြစ်ခဲ့တာကြောင့် ချယ်လ်ဆီး ဂိုးရဖို့ ခက်နေခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး ၄၂ မိနစ်မှာ အိမ်ရှင်ဆောက်သမ်တန် အဖွင့်ဂိုး ရပါတယ်။ ချယ်လ်ဆီးနောက်ခံကစားသမား ဘာဘာ ခေါင်းတိုက်ချပေးတာ အသင်းဖော်ဆီမရောက်ပဲ ရှိန်းလောင်းက ဖြတ်ယူသွားကာ ကန်သွင်းလိုက်တာ ဖြစ်ပါတယ်။

play

 

ဒုတိယပိုင်းတစ်ပိုင်းလုံး ချယ်လ်ဆီးဘက်က ပြန်ဖိကစားပါတယ်။ ပွဲချိန် ၆၀ မိနစ်အကျော်မှာ ပွဲကြမ်းလာပြီး အဝါကတ်တွေ ပိုမြင်လာရပါတယ်။ ဆောက်သမ်တန်ဘက် ရှိန်းလောင်းအစား တိုက်စစ်မှူး ပယ်လီ ဝင်လာပါတယ်။ ၇၅ မိနစ်မှာတော့ ချယ်လ်ဆီးအသင်းလိုအပ်နေတဲ့ချေပဂိုး ရသွားပါတယ်။ ဖာဘရီဂတ်စ် ဂိုးရှေ့ဖြတ်တင်သလိုလို ကန်လိုက်တဲ့ ဘောလုံးက ဆောက်သမ်တန်ဂိုးသမားရဲ့ အနည်းငယ်ပေါ့ဆမှုကြောင့် ဘယ်သူနဲ့မှ မထိပဲ ဝင်သွားခဲ့တာပါ။

play

 

အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၈ မိနစ်မှာ အသင်းခေါင်းဆောင် အိုင်ဗန်နိုဗစ်ခ်ျက ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းယူလိုက်တာပါ။

ဆောက်သမ်တန်ရဲ့ ဂိုးမပေးရတဲ့ စံချိန်ဟာ ၁၀ နာရီနဲ့ ၂၉ မိနစ်အရောက်မှာ ချယ်လ်ဆီးကြောင့် ပျက်ပြယ်သွားပါတယ်။ ချယ်လ်ဆီးနည်းပြ ဂုဟစ်ဒင့်လည်း ချယ်လ်ဆီးကိုကိုင်တွယ်တဲ့ အချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ရှုံးပွဲမတွေ့သေးတဲ့စံချိန်ကို ထိန်းထားနိုင်ခဲ့ပါတယ်။

ှSource : Flashscore

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD