AD
AD
AD
play

 

မက်ဒရစ်ဒါဘီမှာ သိပ်ပြီးအသာစီးရလေ့မရှိတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့  ထုံးစံအတိုင်း ဒီတစ်ခေါက်မှာလည်း ရှုံးပွဲတွေ့ခဲ့ပြန်ပါတယ်။ နာမည်ကြီးနေတဲ့ ပြင်သစ်ကစားသမား ဂရိဇ်မန်းက အသလက်တီကိုအတွက် အနိုင်ဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။

play

 

ဒီရှုံးပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာ၊ အသလက်တီကိုတို့ရဲ့ ပြတ်ပြတ်သားသား အမှတ်ဖြတ်ထားခြင်းကိုခံလိုက်ရပါပြီ။ ရီးရဲလ်မက်ဒရစ်ဘက်က ဂါရက်ဘေးလ်မပါနိုင်ခဲ့ပေမယ့် ရော်နယ်ဒို၊ ဘန်ဇီမား၊ ရိုဒရီဂွက်ဇ်တို့ ပါနိုင်ခဲ့ပါတယ်။ အသလက်တီကိုရဲ့ တိုက်စစ်ကို တောရက်စ်နဲ့ ဂရိဇ်မန်း ဦးဆောင်ခဲ့ပါတယ်။

play

 

ပထမပိုင်းစတင်ကတည်းက နှစ်သင်းလုံး အပြင်းအထန် တိုက်စစ်ဆင်ပါတယ်။  ဂိုးသွင်းခွင့်လည်း အပြန်အလှန်ရပေမယ့် အဖွင့်ဂိုးကတော့ ဒုတိယပိုင်းရောက်မှ ရခဲ့တာပါ။ ပထမပိုင်းမှာ သိပ်ခြေစွမ်းမပြနိုင်တဲ့ ဘန်ဇီမားကို ထုတ်ပြီး ရီးရဲလ်မက်ဒရစ်က မာယိုရယ်ကို ထည့်ကစားခဲ့ပါတယ်။ ဒါပေမယ့် အသလက်တီကိုက အဖွင့်ဂိုးရသွားတာပါ။ လူးဝစ္စနဲ့ အပေးအယူလုပ်ပြီး ဂရိဇ်မန်းက ကန်သွင်းခွင့် ကိုယ်တိုင်ဖန်တီးကာ ကိုယ်တိုင်သွင်းယူသွားတာဖြစ်ပါတယ်။

play

 

နောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ် ဂိုးကန်သွင်းခွင့်အနည်းငယ်ပဲ ရခဲ့ပြီး အသလက်တီကိုကသာ ပိုထိုးဖောက်နိုင်ခဲ့ပါတယ်။ အသလက်တီကိုရဲ့ တိုက်စစ်ကိုလည်း ပြန်ပြီး သတိထားနေရလို့ ရီးရဲလ်မက်ဒရစ် အကောင်းဆုံး မကစားနိုင်ခဲ့ပဲ ရှုံးခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အသလက်တီကိုနဲ့ လေးမှတ်၊ ဘာစီလိုနာနဲ့ (တစ်ပွဲလျော့) ၉ မှတ်အကွာမှာ ကျန်နေခဲ့ပါပြီ။

Source : Flashscore

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD