AD
AD
AD
play

 

ဒီရာသီမှာ အာဆင်နယ်အသင်း အမှတ်ပေးဖလား လိုချင်တယ်ဆိုရင် ယနေ့ည ကစားမယ့် မန်ယူအသင်းနဲ့ ပွဲစဉ်ကို အနိုင်ရဖို့လိုတယ်လို့ အာဆင်နယ်အသင်းကစားသမား ဆန်းချက်ဇ်က တိုက်တွန်းလိုက်ပါတယ်။ ပထမအကျော့ပွဲစဉ်မှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။

play

 

“ ကျွန်တော်အသင်း အမှတ်ပေးဖလား ချန်ပီယံဖြစ်ဖို့အတွက် ဒီပွဲမဖြစ်မနေ အနိုင်ရယူဖို့ လိုပါတယ်။ ပထမအကျော့တုန်းက အသင်းကစားသမားတွေအားလုံး ရဲ့ မျက်လုံးထဲမှာ အနိုင်လိုချင်စိတ်တွေ မီးတောက်နေခဲ့တယ်လေ။ အခုလည်း အဲဒီလိုပုံစံမျိုး ပြန်ရဖို့ လိုပါတယ်” လို့ ဆန်းချက်ဇ်ကပွဲမတိုင်င် ပြောပါတယ်။ ပထမအကျော့ နိုင်ပွဲရတုန်းက ဆန်းချက်ဇ်ကိုယ်တိုင် နှစ်ဂိုးသွင်းခဲ့တာပါ။

play

 

အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လက်စတာအသင်းက စနေနေ့ ကစားခဲ့တဲ့ နောဝှစ်ခ်ျနဲ့ ပွဲစဉ်မှာ မိနစ်ကိုးဆယ်မှသွင်းတဲ့ဂိုးနဲ့ နိုင်သွားခဲ့တာကြောင့် အာဆင်နယ်လည်း ဒီပွဲကို အနိုင်ရဖို့ လိုအပ်တာဖြစ်ပါတယ်။ မန်ယူကလည်း ဒီပွဲရလဒ်မကောင်းခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် ကုန်ဆုံးလုနီးနီး ဖြစ်သွားတော့မှာပါ။

Source : IBT

Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD