play

 

အာဆင်နယ်နဲ့ ကစားမယ့်ပွဲစဉ်မှာ မန်ယူအသင်းဘက်က ဂိုးသမား ဒီဂီယာပြန်လည်ပါဝင်လာဖို့ ရှိနေပေမယ့် စမောလင်းကတော့ ပါဖို့ မသေချာဖြစ်နေဆဲပါ။ ဒူးဒဏ်ရာရနေတဲ့ ဒီဂီယာက ပွဲစဉ် သုံးပွဲလွဲချော်ခဲ့ပြီးနောက် အာဆင်နယ်နဲ့ပွဲစဉ်မှာ ပြန်ပါဖို့များတယ်လို့ နည်းပြဗန်ဟားလ်က ပြောထားပါတယ်။

play

 

ရှရူဘယ်ရီအသင်းကို ၃-၀ ဂိုးနဲ့ နိုင်တဲ့ပွဲစဉ်မှာ နောက်ခံလူ စမောလင်းက ဒဏ်ရာအနည်းငယ်ရခဲ့တာဖြစ်ပါတယ်။ စနေနေ့ ညပိုင်းအထိ စမောလင်းရဲ့ အခြေအနေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဂိုးသမားဒီဂီယာက မစ်ဂျီလန်းနဲ့ မကစားခင် သွေးပူလေ့ကျင့်ခန်း လုပ်နေစဉ်မှာ ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။

play

 

ဒီဂီယာမပါနိုင်တဲ့ သုံးပွဲမှာ ဒုတယိဂိုးသမား ရိုမီယို ခြေစွမ်ပြထားနိုင်ပေမယ့်လည်း ဒီဂီယာ ဒဏ်ရာသက်သာလာရင် ပထမပွဲထွက်စာရင်းမှာ ချက်ခြင်းပါနိုင်မှာ ဖြစ်ပါတယ်။ ဒီဂီယာမပါနိုင်တဲ့ သုံးပွဲမှာ မန်ယူအသင်းက သုံးဂိုးပေးရပြီး ကိုးဂိုးပြန်ရထားပါတယ်။ အသင်းအတွက်ထိုးနှက်ချက်ကတော့ တိုက်စစ်မှူး မာရှယ် ဒီပွဲမှာ မပါနိုင်ဖို့ များနေတာပါပဲ။ နောက်ခံလူ ရိုဟိုကတော့ အာဆင်နယ်ပွဲအမီ ဒဏ်ရာ ပြန်သက်သာလာပါတယ်။

Source & Photos : IBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video