AD
AD
AD
play

 

ဒီတစ်ပတ် တနင်္ဂနွေကတော့ ဘောလုံးပရိသတ်တွေအတွက် လက်လွှတ်ခံလို့မရတဲ့ ပွဲစဉ်တွေ အပြည့်ပါ။ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် မန်ယူ - အာဆင်နယ်ပွဲစဉ် ရှိသလို တစ်ဖက်မှာလည်း ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲ ရှိနေပါတယ်။

play

 

မန်စီးတီးနဲ့ လီဗာပူးတို့ တွေ့ကြမယ့် ဗိုလ်လုပွဲဖြစ်လို့ ပိုပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။ ၂၀၁၅-၁၆ ဘောလုံးရာသီရဲ့ ပထမဆုံး ဖလားကို ဘယ်အသင်းရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီပွဲမတိုင်င် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ဒဏ်ရာရ ပွဲပယ်

play

 

လီဗာပူးမှာ ဒဏ်ရာရနေတဲ့ လယ်လာနာ၊ စကာတယ်တို့ အပြည့်အဝ ပြန်မသက်သာသေးလို့ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ နောက်ခံလူ လူးကပ်စ်တော့ ပြန်ပါနိုင်မယ်လို့ သိရပါတယ်။

မန်စီးတီးဘက်မှာ ဘိုနီ၊ နာဗက်စ်နဲ့ မန်ဂါလာတို့ ပြန်ပါလာနိုင်ပြီ ဖြစ်ပါတယ်။ ဒီဘရိုင်းနဲ့ နာဆရီတို့တော့ မပါနိုင်သေးပါဘူး။

၂။ လီဗာပူးအတွက် အားသာချက်

play

 

၁၉၇၃ ခုနှစ်ကစလို့ လီဗာပူးဟာ မန်စီးတီးနဲ့ အက်ဖ်အေဖလားသို့မဟုတ် လိဂ်ဖလားမှာ တွေ့ရတဲ့ အခါတိုင်း မရှုံးခဲ့ပါဘူး။ မန်စီးတီးက ပြည်တွင်းပွဲစဉ်နောက်ဆုံးသုံးပွဲရှုံးပြီး ချေပျက်နေပါတယ်။

၃။ မန်စီးတီးအတွက် အားသာချက်

play

 

လီဗာပူးနည်းပြ ဂျာဂန်ကလော့က ဗိုလ်လုပွဲတွေမှာ ရလဒ်ကောင်းလေ့မရှိပါဘူး။ အရင်အသင်းဟောင်း ဒေါ့မွန်နဲ့အတူ ဗိုလ်လုပွဲ ငါးကြိမ်တက်ရာမှာ သုံးကြိမ်ရှုံးပါတယ်။

၎။ နောက်ဆုံးငါးကြိမ်တွေ့ဆုံမှု

play

 

နောက်ဆုံး ငါးကြိမ် ဒီနှစ်သင်းတွေ့ထားရာမှာ လီဗာပူးက သုံးကြိမ်နိုင်ပြီး မန်စီးတီးက နှစ်ကြိမ် နိုင်ထားပါတယ်။

၅။ အဓိက ကစားသမားများ

play
play

 

လီဗာပူးဘက်မှာတော့ စတာရစ်ခ်ျက ပွဲအဖြေကို ပြောင်းနိုင်သူ ဖြစ်ပါတယ်။ ဒဏ်ရာက ပြန်သက်သာပြီး နောက်ပိုင်း အခုကြံ့ခိုင်မှု ပြည့်နေပါပြီ။ မန်စီးတီးဘက်မှာတော့ နောက်ခံလူ ကွန်ပနီ ဖြစ်ပါတယ်။ ကွန်ပနီပါရင် မန်စီးတီး နိုင်ပွဲရလေ့ရှိပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD