AD
AD
AD
play

 

ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ပင်နယ်တီနဲ့ရှုံးပြီးနောက် ဖလားလက်လွှတ်လိုက်ရတဲ့ အတွက် လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျတစ်ယောက် ပွဲအပြီးမှာ ငိုကြွေးခဲ့ရပါတယ်။ ဗိုလ်လုပွဲမှာ မန်စီးတီး ကစားသမား ဖာနန်ဒိုက ဦးဆောင်ဂိုးသွင်းပြီး လီဗာပူးရဲ့ ကော်တင်ဟိုက ၈၂ မိနစ်အရောက်မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမဲ့ ပင်နယ်တီအရောက်မှာ ရှုံးနိမ့်ခဲ့ရပါတယ်။

play

 

လီဗာပူးအသင်းရဲ့ ပင်နယ်တီကန်သွင်းချက်တွေကို မန်စီးတီး ဂိုးသမား ကာဘယ်လိုက သုံးကြိမ် ပုတ်ထုတ် ကာကွယ်ခဲ့လို့ လီဗာပူး ချန်ပီယံဆုနဲ့ လွဲခဲ့ရပါတယ်။ လီဗာပူးအသင်းဘက်က လူးကပ်စ်၊ ကော်တင်ဟိုနဲ့ လယ်လာနာတို့ရဲ့ ကန်ချက်တွေကို ကာဘယ်လို ကာကွယ်နိုင်ခဲ့တာပါ။

play

 

တိုက်စစ်မှူး စတာရစ်ခ်ျဟာ ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရသူဖြစ်ပြီး မကြာသေးခင်ကမှ အသင်းအတွက် ပြန်ကစားပေးထားနိုင်သူ ဖြစ်ပါတယ်။

Source : Metro

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD