မစ်ဂျီလန်း၊ အာဆင်နယ်အသင်းတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ မန်ယူအသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးတွေ သွင်းခဲ့သူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ တဖြည်းဖြည်းနာမည်ကျော်လာပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ကို အာဆင်နယ်နဲ့ ပွဲစဉ်အပြီးမှာ ပရိသတ်အားလုံး ပိုပြီး သတိထားမိလာကြတာပါ။
မန်ချက်စတာယူနိုက်တက် အသင်းကြီးနဲ့ နှစ်ပွဲသာ ကစားရသေးပေမဲ့ သွင်းဂိုးကတော့ သုံးဂိုးရှိနေပါပြီ။ မားကပ်စ်ရက်ရှ်ဖို့ဒ်အကြောင်း ပရိသတ်တွေ မသိနိုင်တဲ့ အချက် (၅) ချက်ရှိပါတယ်။
၁။ ဖလက်ချာမော့စ်ရိန်းဂျားကလပ်
ရက်ရှ်ဖို့ဒ်ဟာ ဖလက်ချာမော့စ် လူငယ်ဘောလုံးအသင်းကတစ်ဆင့် မန်ယူကို ရောက်လာပါ။ လက်ရှိ အာဆင်နယ်တိုက်စစ်မှူး ယခင်မန်ယူကစားသမားဟောင်းဖြစ်တဲ့ ဝဲလ်ဘက်လည်း ဒီအသင်းက မွေးထုတ်လိုက်တာပါ။ မန်ယူနဲ့ ဖလက်ချာမော့စ်လူငယ်ဘောလုံးအသင်းက အချိတ်အဆက် အမြဲရှိပါတယ်။
၂။ ဥရောပသွင်းဂိုး
ရက်ရှ်ဖို့ဒ်က ယူအီးအက်ဖ်အေလူငယ်ပြိုင်ပွဲမှာ ဝင်ကစားပြီး ဂိုးသွင်းထားသူ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ယူအီးအက်ဖ်အေ ယူ-၁၉ ပြိုင်ပွဲရဲ့ ပထမဆုံး ပွဲဦးထွက်မှာ နှစ်ဂိုးသွင်းနိုင်ခဲ့တာပါ။
၃။ မွေးနေ့
မားကပ်စ်ရက်ရှ်ဖို့ဒ်က အသက် ၁၈ နှစ်ပဲရှိပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မားကပ်စ်ရဲ့မွေးနေ့က အောက်တိုဘာ ၃၀ ရက်နေ့ဖြစ်လို့ ဟောလိုးဝင်းနေ့ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်က သူ့မွေးနှစ်ပါ။
၎။ မန်စီးတီးရောက်ရန် နီးစပ်ခဲ့ခြင်း
မန်ယူနဲ့ အပြိုင်ပဲ ရက်ရှ်ဖို့ဒ်ကို မန်စီးတီးကလည်း ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်က အိုးထရက်ဖို့ဒ်မှာ ကစားဖို့ပဲ ရွေးချယ်ခဲ့တာပါ။
၅။ မန်ယူကစားသမား ဖြစ်လာခြင်း
၂၀၁၅ ခုနှစ်နိုဝင်ဘာလမှာ မန်ယူအသင်းကြီးအတွက် ကစားဖို့ ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာပါ။ ဒါပေမဲ့ အရန်စာရင်းမှာပဲ နေခဲ့ရပြီး ဝင်မကစားခဲ့ရပါဘူး။
Source : SBTV
Photos : Daily Mail