Sports: ဂယ်ရီနဗီးလ် ဗလင်စီယာ နည်းပြအဖြစ်မှ ထုတ်ပယ်ခံရ

ဖေဖေါ်ဝါရီလအတွင်း စပိန်ဘုရင့်ဖလား ပွဲစဉ်မှာ ဘာစီလိုနာကို ၇ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နဗီးလ်ကို အသင်းမှ ထွက်ခွာရန် ပထမဆုံး တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

play


မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂယ်ရီနဗီးလ်ကို စပိန်လာလီဂါအသင်း ဗလင်စီယာက နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ နဗီးလ်ဟာ ဗလင်စီယာမှာ နည်းပြအဖြစ် တာဝန်ယူခဲ့မှု ၄ လ မပြည့်မီ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။

play


ဗလင်စီယာကို ကိုင်တွယ်စဉ် ဖေဖေါ်ဝါရီလအတွင်း စပိန်ဘုရင့်ဖလား ပွဲစဉ်မှာ ဘာစီလိုနာကို ၇ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နဗီးလ်ကို အသင်းမှ ထွက်ခွာရန် ပထမဆုံး တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

နဗီးလ်ကို ထုတ်ပယ်လိုက်ပြီးနောက် ဗလင်စီယာ နည်းပြရာထူးကို လီဗာပူး လက်ထောက်မန်နေဂျာဟောင်း ပါကို အေရက်စ်စတာရင်က ရာသီကုန်အထိ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ