Sports: မန်စီးတီးနောက်ခံလူ ဒီမစ်ချယ်လီ လောင်းကစားမှုဖြင့် စွဲချက်တင်ခံရ

အက်ဖ်အေရဲ့ ယခု စွဲချက်ကို ဒီမစ်ချယ်လီ အနေနဲ့ လာမယ့် ဧပြီ ၅ ရက်အထိ ခုခံချေပခွင့်ရှိပါတယ်။

play


မန်ချက်စတာစီးတီးအသင်း နောက်ခံကစားသမား မာတင် ဒီမစ်ချယ်လီကို လောင်းကစားပြစ်မှုဖြင့် အက်ဖ်အေက စွဲချက်တင်လိုက်ပါတယ်။ အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနား ကစားသမား ဒီမစ်ချယ်လီဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေနဲ့ ဆက်စပ်ပြီး စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု ၁၂ ခု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပါတယ်။ အက်ဖ်အေရဲ့ ယခု စွဲချက်ကို ဒီမစ်ချယ်လီ အနေနဲ့ လာမယ့် ဧပြီ ၅ ရက်အထိ ခုခံချေပခွင့်ရှိပါတယ်။

play


၂၀၁၄-၁၅ ဘောလုံးရာသီမှာ စတင်သက်ရောက်တဲ့ အက်ဖ်အေရဲ့ စည်းမျဉ်းသစ်များအရ ကစားသမားတွေနဲ့ နည်းပြတွေကို ကမ္ဘာတစ်ဝန်းမှ ဘောလုံးယှဉ်ပြိုင်မှုအပေါ် လောင်ကစားပြုလုပ်ခြင်း တားမြစ်ထားပါတယ်။ အဆိုပါ စည်းမျဉ်းကို ဖောက်ဖျက်ပါက အက်ဖ်အေက ဒဏ်ရိုက်မှု သို့မဟုတ် ပွဲပယ်ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ