Sports: ဗလန်စီယာ နည်းပြသစ် ပယ်လီဂရီနီ ဖြစ်ဖွယ်ရှိ

လက်ရှိမန်စီးတီးနည်းပြ ပယ်လီဂရီနီက လာမယ့်ရာသီမှာ စပိန်ပြန်ရောက်ဖို့ နီးစပ်နေပါပြီ။

play

 

စပိန်လာလီဂါကလပ် ဗလန်စီယာအသင်းက နည်းပြဂယ်ရီနဗီးလ်ကို ထုတ်ပယ်လိုက်ပြီးနောက် လာမယ့် ရာသီသစ်မှာ နည်းပြပယ်လီဂရီနီကို ခန့်အပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

play

 

လက်ရှိမန်စီးတီးအသင်းနည်းပြအဖြစ် တာဝန်ယူထားတဲ့ ပယ်လီဂရီနီက ရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲရမှာ ဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်ကို မထုတ်ပယ်ခင်ကတည်းက ဗန်စီယာအသင်း အားကစားဒါရိုက်တာဟာ ပယ်လီဂရီနီရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ပြီးပြီလို့ သိရပါတယ်။

play

 

ပယ်လီဂရီနီဟာ ဗလန်စီယာမြို့မှာ နေအိမ်တစ်လုံး ပိုင်ဆိုင်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးနည်းပြ မဖြစ်ခင်တုန်းက ဗီလာရီးရဲလ်အသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ နေထိုင်ခဲ့တဲ့ အိမ်လည်း ဖြစ်ပါတယ်။ ရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲမယ့် ပယ်လီဂရီနီကို ရုရှားကလပ်စိန့်ပီတာဘာ့ဂ်ျကလည်း ကမ်းလှမ်းခဲ့ပါသေးတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ