Sports: ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ဂိုး ၅၀၀ ပြည့်သွင်းချင်တဲ့ မက်ဆီ

မက်ဆီရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုးက ၄၉၉ ဂိုးရှိနေပါပြီ။

play

 

ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံရမယ့်ပွဲမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဂိုး ၅၀၀ ပြည့်ဂိုးကို သွင်းယူချင်တယ်လို့ ဘာစီလိုနာကစားသမား မက်ဆီက ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတစ်လျှောက် သွင်းဂိုး ၄၉၉ ဂိုးရှိခဲ့ပြီဖြစ်လို့ ၅၀၀ ပြည့်ဖို့ တစ်ဂိုးသာ လိုပါတော့တယ်။

လာမယ့် စနေနေ့မှာ ဘာစီလိုနာနဲ့ အယ်လ်ကလက်စ်ကို ပွဲစဉ်ကို နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ကြရမှာပါ။ ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ ဇီဒန်းအတွက် နည်းပြဘဝနဲ့ ရင်ဆိုင်ရမယ့် ပထမဆုံး အယ်လ်ကလက်စီကိုပွဲစဉ်လည်း ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ကြားရက်အတွင်း ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလား ခြေစမ်းပွဲစဉ်မှာလည်း မက်ဆီက လက်ရွေးစင်အတွက် ဂိုး ၅၀ ပြည့်ဂိုးကို သွင်းယူခဲ့ပါသေးတယ်။ “ လာမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာသာ ဒီစံချိန်ကို ရခဲ့မယ်ဆိုရင်တော့ အတိုင်းအထက် အလွန်ပါပဲ။ နိုင်ပွဲရမယ်ဆိုရင် ကျွန်တော်တို့ အသာစီးရမှုကို ဆက်ပြီးထိန်းထားနိုင်မှာပါ” ဆိုပြီး မက်ဆီက ပွဲမတိုင်ခင် ပြောပါတယ်။

ပွဲစဉ် ၃၀ ပြီးသွားချိန်မှာ ဘာစီလိုနာက ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အသလက်တီကိုအသင်းကို ၉ မှတ်ဖြတ်ထားပြီး ရီးရဲလ်မက်ဒရစ်ကိုတော့ ၁၀ မှတ်တိတိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲသာ ဘာစီလိုနာ အနိုင်ရခဲ့ရင် ၁၃ မှတ်ဖြတ်နိုင်မှာပါ။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ