Sports: သတင်းထောက်နဲ့ လျှို့ဝှက်လက်ထပ်ထားတဲ့ ကာဆီးလက်

ကာဆီးလက်တို့ ချစ်သူသက်တမ်းဟာ ဆယ်နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်ဂိုးသမားဟောင်း ကာဆီးလက်ဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ရုပ်သံသတင်းထောက် ဆာရာကာဘိုနီရိုနဲ့ လက်ထပ်ပွဲတိတ်တဆိတ်ကျင်းပလိုက်တယ်လို့ သိရပါတယ်။

play

 

လျှို့ဝှက်ထွက်လာတဲ့ သတင်းတွေအရ ကာဆီးလက်နဲ့ ကာဘိုနရိုတို့ဟာ မတ်လ ၂၀ ရက်နေ့က လက်ထပ်ပွဲ ကျင်းပခဲ့တာလို့ ဆိုပါတယ်။ အခုဆိုရင် ကာဆီးလက်ရဲ့ ချစ်သူမှာ ဒုတိယရင်သွေး လွယ်ထားရပြီလို့လည်း ပြောပါတယ်။ လက်ထပ်ပွဲကို နာမည်ကြီး ဟိုတယ်တွေမှာ ကျင်းပတာမျိုး မလုပ်ခဲ့ပဲ မက်ဒရစ်မြို့ ဆင်ခြေဖုံးက ဒဲလ်မွန်တေးအရပ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ထုံးတမ်းအစဉ်အလာနဲ့အညီ လက်ထပ်ပွဲသာ ကျင်းပခဲ့တာဖြစ်ပြီး ဧည့်ပရိသတ်တွေလည်း ဖိတ်ကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ သူတို့နဲ့ နီးစပ်တဲ့သူငယ်ချင်းတွေကိုတော့ ဒီအကြောင်းကို ပါတီပွဲမှာ ပြောပြခဲ့တယ်လို့ စပိန်သတင်းဌာန တစ်ခုက ဖော်ပြပါတယ်။

play

 

စပိန်လက်ရွေးစင်ဟောင်းလည်းဖြစ်ပြီး ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ကာဆီးလက်ဟာ ချစ်သူသတင်းထောက် ကာဘိုနာရိုနဲ့ ချစ်သူ့သက်တမ်း ၁၀ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ