Sports: ဘာစီလိုနာ - ရီးရဲလ်မက်ဒရစ်ပွဲ မကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

လာလီဂါရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အယ်ကလက်စီကိုပွဲကို ဒီတစ်ပတ် ကြည့်ရဦးမှာပါ။

play

 

စပိန်လာလီဂါမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဖြစ်တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်ကို ဒီတပတ် စနေနေ့ ကြည့်ကြရဦးမှာပါ။ စပိန်လာလီဂါ ချန်ပီယံလမ်းကြောင်းကို အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကစားသမားဟောင်း ဇီဒန်းက ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ပထမဆုံး ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ကစားမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အယ်လ်ကလက်စီကိုပွဲ မတိုင်ခင် သိထားသင့်တဲ့ အချက် ၁၀ ချက်ရှိပါတယ်။

၁။ အသင်း အဓိက ကစားသမားများ အခြေအနေ

play

 

ဘာစီလိုနာ ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့အားလုံး နိုင်ငံပွဲတွေ ကစားထားရပြီး ခရီးထွက်ထားရလို့ ပွဲပန်းနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်မှာတော့ ဘန်ဇီမားနဲ့ ဂါရက်ဘေးလ်တို့ အနားရထားလို့ ကြံ့ခိုင်မှု ပိုပြည့်ဝနေနိုင်ပါတယ်။

၂။ ပွဲအဖြေ ပြောင်းနိုင်မည့် ကစားသမား

play

 

ဘာစီလိုနာဘက်မှာတော့ အနားယူရက် အပြည့်အဝ ရထားတဲ့အင်နီစတာနဲ့ ဂိုးဆက်တိုက် သွင်းနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်က ပွဲအဖြေပြောင်းမယ့် ကစားသမား ဖြစ်လာနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်မှာတော့ ဂါရက်ဘေးလ်ကို စောင့်ကြည့်ရမှာပါ။

၃။ အနိုင်အရှုံးပေါ် မူတည်ပြီး ဖြစ်လာနိုင်ချေ

play

 

အိမ်ရှင်ဘာစီလိုနာ အနိုင်ရခဲ့ရင်တော့ ရီးရဲလ်မက်ဒရစ်ကို ၁၃ မှတ်အထိ ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ရီးရဲလ်မက်ဒရစ်လည်း  ချန်ပီယံ မဖြစ်နိုင်တော့ပါဘူး။ ရီးရဲလ်မက်ဒရစ် အနိုင်ရရင်တော့ ဘာစီလို ချန်ပီယံဖြစ်ဖို့ အရေးဟာ ဝေဝါးသွားမှာ ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြန်လည်ပြင်းထန်လာနိုင်ပါတယ်။

၎။ ဘာစီလိုနာ အားနည်းချက်

play

 

ဘာစီလိုနာဒီရာသီမှာ အဓိက အားနည်းချက်က ခံစစ်ဖြစ်ပါတယ်။ ပျှမ်းမျှ ငါးပွဲမှာ လေးဂိုးလောက် ပေးရလေ့ရှိပါတယ်။ ဘက်စ်ကွက် ခံစစ်မှာ စွမ်းဆောင်ရည် နည်းနည်းကျဆင်းနေပါတယ်။

၅။ ရီးရဲလ်မက်ဒရစ် အားနည်းချက်

play

 

ရီးရဲလ်မက်ဒရစ်ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေပေးတဲ့ တိုနီခရူးစ်ရဲ့ ခြေစွမ်း သိပ်အားရစရာ မရှိပါဘူး။ မာဆယ်လိုကြောင့် ရီးရဲလ်မက်ဒရစ် ခံစစ်ဘယ်ခြမ်းကလည်း မကြာခဏ လစ်ဟာသွားလေ့ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ