Sports: ခရစ္စတီယာနို ရော်နယ်ဒို မန်ယူ ပြန်ရောက်ပြီ

လာမယ့် စနေနေ့မှာ နှစ်ဖက်အသင်းက တရားဝင်ကြေငြာမယ်လို့ ယူဆရပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် အသင်းကစားသမား ရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ မန်ယူကို ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ရော်နယ်ဒိုနဲ့ စာချုပ်ချုပ်ထားရာမှာ အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ ပေးမယ်ဆိုရင် မည်သည့်အသင်းမဆို ခေါ်ယူခွင့်ရမယ်လို့ ထည့်သွင်းစာချုပ် ချုပ်ဆိုထားတာပါ။ လာမယ့်ရာသီမှာ မန်ယူအသင်းကို နည်းပြမော်ရင်ဟို ရောက်လာမှာ ဖြစ်တဲ့အတွက် သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားမှု အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့မှာ မန်ယူအသင်းနည်းပြဖာဂူဆန်ကိုယ်တိုင် ပါဝင်ကူညီခဲ့တယ်လို့လည်း သိရပါတယ်။ လာမယ့် စနေနေ့မှာ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကိစ္စကို နှစ်ဖက်အသင်းက တရားဝင် ကြေငြာမယ်လို့ ယူဆရပါတယ်။

Source : Unknow

 

Happy April 1st!

April Fool !!! :)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ