Sports: ချစ်သူကို လက်ထပ်ခွင့်တောင်းတဲ့ ရှနိုက်ဒါလင်

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ မန်ယူကစားသမား ရှနိုက်ဒါလင်က သူ့ရဲ့ချစ်သူ ကောင်မလေးကို လက်ထပ်ခွင့် တောင်းလိုက်ပါတယ်။

play

 

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ရှနိုက်ဒါလင်ဟာ သူ့ရဲ့ချစ်သူကို ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့် တောင်းလိုက်ပါတယ်။ ရှနိုက်ဒါလင်ရဲ့ ကောင်မလေးဟာ အခြားဘောလုံးသမားတွေရဲ့ ချစ်သူအများစုလို မော်ဒယ်တစ်ယောက်တော့ မဟုတ်ပါဘူး။

play

 

သာမန်မိန်းကလေးတစ်ဦးဖြစ်ပြီး အားကစားပစ္စည်းတွေထုတ်လုပ်တဲ့ Adidas ကုမ္ပဏီရဲ့ စတိုးဆိုင်တစ်ခုမှာ လက်ထောက်ရောင်းစာရေးအဖြစ် အလုပ်လုပ်နေသူဖြစ်ပါတယ်။ ချစ်သူက တစ်ပတ်လစာငွေ ပေါင် တစ်သိန်းကျော် ရပေမယ့် သူမကတော့ စတိုင်းဆိုင်မှာ တစ်နာရီလုပ်ခအားခ ၁၀ ပေါင်ဝန်းကျင်သာ ရသူ ဖြစ်ပါတယ်။

play

 

ရှနိုက်ဒါလင်က သူမကို လက်ထပ်ခွင့်တောင်းတဲ့ အကြောင်းကို အင်စတာဂရမ်မှာ ဓာတ်ပုံတင်ပြီး ကြေငြာခဲ့တာပါ။ ပြင်သစ်နိုင်င်ငံရဲ့  အထင်ကရ မြစ်ဘေးမှာ ညစာစားပွဲ စားရင် လက်ထပ်ခွင့် တောင်းခဲ့တာ ဖြစ်ပါတယ်။

play
play

 

“ ဒါတကယ်မှ ဟုတ်ရဲ့လားလို့တောင်ထင်မိပါတယ်။ ကိုယ့်ကိကိုယ် ကမ္ဘာမှာ ကံအကောင်းဆုံး မိန်းကလေးလို့တောင် ထင်မိသွားတယ်။ ပျော်လွန်းလို့ ဘာပြောရမှန်း မသိပါဘူး” ဆိုပြီး မန်ယူကွင်းလယ်လူ ရှနိုက်ကဒါလင်ရဲ့ ချစ်သူ ကာမီဆိုးလ်က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ