AD
AD
AD
play

 

အမေရိကန် အမျိုးသမီးဘောလုံးအသင်း လက်ရွေးစင် ကစားသမား ၅ ဦးဟာ လစာနည်းပါးတဲ့ ပြဿနာကြောင့် အမေရိကန် ဘောလုံးအဖွဲ့ချုပ်ကို စာတစ်စောင် ပေးပို့ပြီး စောဒက တက်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်အမျိုးသမီး လက်ရွေးစင်အသင်းဟာ လက်ရှိကမ္ဘာ့ဖလား ချန်ပီယံ အသင်းဖြစ်ပြီး အောင်မြင်မှုတွေ များစွာ ယူထားနိုင်ပေမယ့် အမျိုးသားလက်ရွေးစင်တွေထက် လစာနည်းပါးစွာ ရရှိနေမှုကို မကျေမနပ် ဖြစ်နေကြတာပါ။ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အဲလက်စ်မောဂန်၊ ကာလီလွိုက်၊ ရာပီနိုး၊ ဆော်ဘရွန်းနဲ့ ဂိုးသမား ဟုပ်ဆိုလိုတို့က စောဒက တက်ထားတာ ဖြစ်ပါတယ်။

play

 

အမေရိကန် အမျိုးသမီးလက်ရွေးစင်အသ်းအနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အောင်မြင်မှု များစွာ ရထားတဲ့ အသင်းဖြစ်ပါတယ်။ “ ကျွန်မတို့အသင်းက ကမ္ဘာမှာ အကောင်းဆုံးဆိုတာလည်း သက်သေပြထားတယ်။ ကမ္ဘာ့ဖလား ချန်ပီယံသုံးကြိမ်ဖြစ်တယ်။ အိုလံပစ်ချန်ပီယံလည်း ဖြစ်ထားတယ်။ ဒါပေမယ့် ကျွန်မတို့ ချန်ပီယံတွေထက် အမျိုးသားအသင်းက ပိုပြီးလစာရေနေတယ်လေ” လို့ ဂိုးသမား ဟုပ်ဆိုလိုက ပြောပါတယ်။

play

 

အခု စောဒကတက်သူတွေထဲ ပါဝင်တဲ့ လွိုက်ဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ကစားသမား ဆုကိုလည်း ရရှိခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD