Sports: လက်စတာကို မြင်နေရခြင်းမှာ ယခင်မန်ယူအသင်း စိတ်ဓာတ်ကို ပြန်မြင်နေရသလိုဟု ဖာဂူဆန်ဆို

လက်စတာရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းဟာ အမှတ်ပေးဖလားနဲ့ ထိုက်တန်တယ်လို့ ဖာဂူဆန်က ပြောပါတယ်။

play

 

ဒုတိယနေရာက စပါးအသင်းကို ငါးမှတ်ဖြတ်ပြီး အမှတ်ပေးဇယားဦးဆောင်နေတဲ့ လက်စတာအသင်းဟာ ချန်ပီယံဖြစ်ဖို့ တကယ်ပဲထိုက်တန်ကြောင်း မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က ပြောကြားလိုက်ပါယ်။

play

 

Sky Sports ရုပ်သံသတင်းဌာရဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဖာဂူဆန်က သူ့အမြင်ကို ပြောခဲ့တာပါ။ ဒီနှစ် ပရီးမီးယားလိဂ် အခြေအနေအရလည်း နည်းပြရေနီယာရီရဲ့ လက်စတာကစားသမားတွေပဲ ချန်ပီယံဖလား ကိုင်ခွင့်ရဖို့ များနေပြီလို့ ဆိုပါတယ်။ ဒီနှစ်လက်စတာအသင်း ကစားသမားတွေရဲ့ စိတ်ဓာတ်ကို မြင်ရတာဟာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူကိုင်တွယ်ခဲ့ဖူးတဲ့ မန်ယူအသင်း ကစားသမားတွေ စိတ်ဓာတ်မျိုး ပြန်မြင်နေရသလိုပဲလို့ ပြောခဲ့ပြန်ပါတယ်။

play

play

 

အမှတ်ပေးပြိုင်ပွဲမှာ နိုင်ပွဲရဖို့သာ အရေးကြီးဆုံးဖြစ်ပြီး ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အရာလို့ ဖာဂူဆန်ကဆိုပါတယ်။ လက်စတာဟာ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲဆက်တိုက် အနိုင်ရပေမယ့် တစ်လုံးတည်းသော ဂိုးတွေနဲ့သာ အနိုင်ရခဲ့တာပါ။

“ ကျွန်တော့်အသင်းလည်း ၁၉၉၆-၉၇ ဘောလုံးရာသီတုန်းက ၁-၀ နဲ့ နိုင်တဲ့ပွဲ ရှစ်ပွဲအထိ ရှိခဲ့ဖူးတယ်။ အဲဒီရာသီမှာ ဖလားရတာပဲ။ အမှတ်ပေးပြိုင်ပွဲမှာ အရေးကြီးတာ နိုင်ပွဲယူဖို့ပဲလေ” လို့ ဖာဂူဆန်က ပြောပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ