Sports: ရာသီကုန်ခါနီးတွင် လက်စတာ ရှုံးပွဲတွေ့နိုင်သေးဟု အာစင်ဝင်းဂါး ပြော

လက်စတာ ချန်ပီယံဖြစ်ဖို့ မသေချာသေးတဲ့ အချိန်မှာ အာဆင်နယ်က လက်ကျန်ပွဲ အားလုံးနိုင်ခဲ့ရင် ချန်ပီယံ ဖြစ်နိုင်တယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

play

 

နောက်ဆုံး ကစားဖို့ ကျန်နေသေးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လက်စတာအသင်း ရှုံးပွဲတွေ့နိုင်သေးတယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ ဒါကြောင့် အာဆင်နယ်က ရနိုင်သမျှ အမှတ်တွေယူပြီး ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ လိုတယ်လို့ နည်းပြက တိုက်တွန်းလိုက်ပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ပြီးဆုံးသွားတဲ့နောက် လက်စတာဟာ ထိပ်ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပြီး ဒုတိယနေရာက တော့တင်ဟမ်ဟော့စပါး အသင်းကိုတောင် ငါးမှတ်ဖြတ်ထားတာပါ။ ဒါပေမယ့် လက်ကျန် ပွဲစဉ် ၇ ပွဲအတွင်းမှာ လက်စတာ ရှုံးပွဲတွေ ရင်ဆိုင်ရနိုင်သေးတယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

အာဆင်နယ်က တတိယနေရာမှာ ရပ်တည်နေပြီး လက်စတာနဲ့ ၁၁ မှတ်ကွာနေပေမယ့် တစ်ပွဲလျော့ ကစားထားတာကြောင့် လက်ကျန်တစ်ပွဲသာ နိုင်ခဲ့ရင် လက်စတာနဲ့ ရှစ်မှတ် အကွာကို ရောက်လာမှာပါ။ လက်စတာဟာ လက်ကျန်ပွဲစဉ် ၇ ပွဲမှာ ချယ်လ်ဆီး၊ မန်ယူ၊ အဲဗာတန် အသင်းတို့နဲ့ တွေ့ရဦးမှာပါ။

play

 

“ လက်ကျန်ပွဲအားလုံး နိုင်ရင် အခြေအနေ ကောင်းနိုင်ပါတယ်။ ဒါပေမယ့် လက်စတာရဲ့ ရလဒ်အပေါ်လည်း မူတည်နေတာပေါ့။ လက်စတာက နောက်ဆုံးပွဲတွေမှာ ဘယ်လိုရလဒ်ထွက်လာမလဲ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ” လို့ အာစင်ဝင်းဂါးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Source : Mirror

Photos : Getty Images,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ